Friday, January 14, 2011

15/1/2011

ပထမကျမ်း  
ဟီဘရူး ၄:၁၂-၁၆
ဆာလံ ၁၉:၈, ၉,၁၀, ၁၅
ဧ၀ံဂေလိကျမ်း
ရှင်မာကု ၂:၁၃-၁၇


တစ်ဖန် သခင်ယေဇူးသည် ပင်လယ်ကမ်းနားသို့ တစ်ဖန်ထွက် ကြွတော်မူ၏။ လူအပေါင်းတို့သည် လည်း အထံတော်၌လာရောက်စုရုံးကြသဖြင့် ကိုယ် တော်သည် သူတို့ကို သွန်သင်တော်မူ၏။
ကိုယ်တော်သည် လမ်းလျှောက် နေတော်မူစဉ် အာလ်ဖေဦး၏သား လေဗီသည် အခွန်ရုံး၌ထိုင် လျက် ရှိသည်ကိုမြင်တော်မူ၏။ ကိုယ်တော်က ငါ့ နောက်သို့လိုက်လော့သူဟု သူ့အားမိန့်တော်မူလျှင် သူသည်လည်းထ၍နောက်တော်သို့လိုက်လေ၏။
ထို့နောက် ကိုယ်တော်သည် လေဗီ၏အိမ်တွင်ညစာ သုံးဆောင်တော်မူစဉ်တွင် များစွာသော အခွန်ခံ သူတို့နှင့် အပြစ်ရှိသောသူတို့သည် ကိုယ်တော်နှင့် တပည့်တော်တို့ နှင့်အတူ စားသောက်ကြ၏။
ကိုယ်တော်သည် အခွန်ခံသူ၊ အပြစ်ရှိသူများတို့နှင့် အတူ စားသောက်သည်ကိုဖာရီဇေဦးဂိုဏ်းဝင်ကျမ်း တတ်ဆရာတို့ မြင်ကြသောအခါ အဘယ့်ကြောင့် သူသည်အခွန်ခံသူ၊ အပြစ်ရှိသူနှင့်အတူစားသောက်

သနည်းဟု တပည့်တော်တို့အားဆိုကြ၏။ သခင် ယေဇူးသည် ဤစကားကိုကြားတော်မူလျှင် ကျန်း မာသောသူသည် ဆေးဆရာကို မလိုအပ်ပေ။ သို့ သော် ဖျားနာသောသူသည် လိုအပ်၏။ ငါသည် ဖြောင့်မတ်သော သူတို့ကိုခေါ်ရန် ကြွလာခြင်း မဟုတ်။ အပြစ်ရှိသောသူများကိုခေါ်ရန် ကြွလာ သည်ဟု မိန့်တော်မူ၏။

No comments:

Post a Comment