Saturday, February 5, 2011

လူငယ် နှင့် ဘာသာတရား

                မြန်မာမှာ ဆိုရိုးစကား ရှိပါတယ် ကြားဖူးမှာပါ။ ပထမ အရွယ်မှာ ပညာရှာ ဒုတိယအရွယ် မှာဉ္စစာရှာ တတိယ အရွယ်မှာ ကြင်ယာရှာ စတ္ထုအရွယ်မှာ တရားရှာတဲ့ ရှေးလူကြီးတွေ ပြောတိုင်းလည်း လိုက်သင့်တာ မဟုတ်ပါဘူး လိုက်သင့်တာ လိုက်ရမယ်ပယ်သင့်ရင်လဲ ပယ်ကြရ စမြဲပါ။ ဒီဆိုရိုးရဲ့ ပထမ အရွယ်ကနေ တတိယ အရွယ် အထိ လက်ခံနိုင် ပါတယ် လိုက်လဲ လိုက်နာ သင့်ပါတယ်။ဒါပေမဲ့ စတ္ထု အရွယ်မှာ တရားရှာ ဆိုတာတော့ စိတ်ထဲမှာ ကသိကအောက် ဖြစ်မိတယ်။ဆိုရိုး ကိုပဲ သေချာနားမလည်လို့ လားတော့ မသိဘူး။ အခုလို အဓိပ္ပယ် ဖွင့်ရင်တော့ စတ္ထု အရွယ် သဘောကိုတော့ မလက်ခံနိုင်ပါဘူး.။

          စဉ်းစားကြည့်ပါ ဒုတိယအရွယ် မှာ ကွယ်လွန် တယ် ဆိုပါဆို့ ။ ဘယ်အချိန်မှာ တရား သွားရှာမလဲ ။ ပြောကြသေးတယ် ငယ်ပါသေးတယ် တမလွန်ဘဝမှာ ဘယ်လိုဖြစ် မလဲဆိုတာ တွေးကြည့်ပါ။ ငရဲလား၊ နိဗ္ဗန်လား... ဘဝကို လွယ်လွယ်နဲ့ အသက်ရှင်လို့ ရကောင်း ရလိမ့်မယ်။ လွယ်လွယ်တော့ ဘယ်တော့မှ မတွေးဘာနဲ့။ နောင်တကြီး ကိုလည်းနောင်မှ မတပါနဲ့။အဲလိုဆိုတော့ တရားကို ငယ်ရွယ်စဉ် ကတည်းက ရှာနိုင် သလောက် ရှာဖွေဆည်းပုးရမယ်။ အကျိုးနဲ့ အမြတ်တွက်ပြီး( အရုံးကိုဘယ်တော့မှ မတွက်ပါ )
အသက်ရှင်ကြတဲ့ လူမျိုး ဆိုတော့ တရားရှာခြင်၏ အကျိုး ကျေးဇူး ကိုတင်ပြ ချင်ပါတယ်

ဘာသာတရားနှင့် ပညာရေး
 
          လူငယ်တိုင်း လိုလို ပညာရေး ဦးစားပေး ကြိုးစား ရှာဖွေတတ်ကြတာပဲ။ ဘာသာတရား ကိုင်းရှိုင်းတဲ့ လူငယ်ဆိုရင် စိတ်ကြည်လင်မယ် အကျိုး အပြစ်ဆင်ခြင်နှိုင် မြင့်မားမယ် ဇွဲ ဝိရိယကောင်းသူ ဖြစ်မယ်။ ဒီလို လူမျိုးဆို ရင် ပညာရေး အောင်မြင်ဖို့ အလားလာ ကောင်းသူပါ။ ဒီလိုအရေး ကြီးတဲ့ ကာယ စိတ်ဓတ် ခွန်အားကို တရားရှာဖွေခြင်းက ရရှိနိုင်ပါတယ်။

ဘာသာတရားနှင့် စီးပွားရေး
 
            တရားနှင့် စီးပွားရေးဘာဆိုင်သလဲ? သိပ်တဆိုင်တာပေါ့။ ပထမ ဦးဆုံးအနေနဲ့ ဘာသာရေးနဲ့ ကိုယ်ကျင့်တရားဟာ အမြဲလို ဒွန်တွဲနေပါတယ်။ ဘာသာတရား လိုက်စားသူတဦးဆိုရင် အကျင့်စာရိတ ကောင်းမွန်သူလို့ ဆိုရမှာပဲ။ဘာဖြစ်လို့လဲ ဆိုတော့ ဘာသာတရား ကကောင်းတဲ့ အကျင့် သီလ တိုကို သင်ပေးလိုပါပဲ။အကျင့်စာရိတတ် မကောင်းသူ ဆိုရင် ဘယ်စီးပွားရေး သမားက ပေါင်းလုပ်ချင်မလဲ။ အချိန်မရွေး လိမ်ညာခံနိုင်တယ်။ ဒီလိုမျိုး အလုပ်သမား ဆိုရင်လည်း ဘယ်သူကမှ အလုပ် ခန့်ချင်မှာ မဟုတ်ပါဘူး။ဒါကြောင့် တရားနဲ့ စီးပွားရေး ဆက်စပ်နေတယ်ပါတယ်။

ဘာသာတရားနှင့် အချစ်ရေး
 
         အချစ်ရေး ဆိုတာ လူငယ်တိုင်း အတွက် အားဆေးပါ အဲ ဘယ်ရောက်သွားလဲမသိဘူး အတွေးလွန်သွားလို့ ဆောရီး…… ဘာသာတရား ကြည်ညိုသူ၊ အကျင့်စာရိတ္တ ကောင်းမွန်သူ ဆိုရင် လူတိုင်းက ချစ်ခင် ချင်ကြတပဲ။ ဘာကြောင့်လဲ ဆိုတော့ ဒီလိုလူမျိုး ဟာ ကြင်နာတတ်တယ် စိတ်ကောင်းစေတနာရှိတယ် ကူညီတတ်တယ် ဆိုတဲ့လူမျိုး ဖြစ်လို့ပါပဲ။ တရား ရှာဖွေ တယ်ဆိုရင် လူမှူရေးဘဝ ကောင်းမွန်ပြီး လူချစ်လူခင်ပေါများ လာမှာပါ။

        ကျန်တဲ့ အကျိုးကျေးဇူးတွေလည်း အများကြီးပါ။ ကိုယ့်တိုင် စဉ်းစား တွေးကြည့်၊ ဘဝစာမျက်နှာတွေ ပြန်လှန်ကြည့်ရင် သိနိုင်ပါတယ်။ အဲလိုဆိုတော့ တရားကို အသက်ကြီးမှ မရှာပါနဲ့။ လွန်ကုန်ပါပြီ။ ငယ်ရွယ်စဉ် တည်းကရှာရရမှာပါ ။ ဒါမှ အောင်မြင်တဲ့၊လူချစ်လူခင်ပေါများတဲ့၊ တန်ဖိုးရှိတဲ့ လူငယ်ဖြစ်လာမှာပါ ။


“ တန်ဖိုးရှိတဲ့ လူငယ်များ ဖြစ်ကြပါစေ ။ “

မျိုးမြင့်သူ

No comments:

Post a Comment