Tuesday, February 22, 2011

(၇) ကြိမ်မြောက်သာမန် ကြာသပတေး

24 Febuary 2011


ပထမကျမ်း : ဆီး၇ား ၅:၁-၈
ဆာလံကျမ်း : ဆာလံ ၁:၁-၂, ၃, ၄ နှင့် ၆
ဧ၀ံဂေလိကျမ်း: ရှင်မာကုဧ၀ံဂေလိကျမ်း ၉: ၄၁-၅၀


သင်တို့အားငါအမှန်ဆိုသည်ကား၊ငါ၏နာမတော်ကြောင့် သင်တို့အားသောက် ရန် ရေတစ်ခွက်ပေးသောသူသည် မိမိဆုလာဘ်ကို ဆုံးရှုံးလိမ့်မည်မဟုတ်ဟု မိန့်တော်မူ၏။ အကြင်သူသည်ငါ့ကိုယုံကြည်သော သူငယ်များတွင် တစ်စုံတစ်ယောက်ကိုအပြစ်ပြုသောလမ်းမှားသို့ရောက်စေလျှင်ထိုသူ၏လည်ပင်း၌ကြိတ်ဆုံကျောက်ကိုဆွဲစေ၍သူ့ကိုပင်လယ်ထဲသို့လယ်တဲသို့ပစ်ချခြင်းကသူ့အတွက် သာ၍ကောင်း၏။ သင်၏လက်သည် သင့်ကို အပြစ်မှား ပြုမိစေလျှင် ထိုလက်ကို ဖြတ်ပစ် လော့။ လက်နှစ်ဘက်ရှိလျက် ထာဝရမီးထဲသို့ပစ်ချ ခံရခြင်းထက် ကိုယ်အင်္ဂါချို့တဲ့စွာထာဝရအသက်ရှင်ခြင်း သို့ဝင်ရသည် ကသာ၍ကောင်း၏။

ထိုနေရာ ၌ သင်တို့၏ပိုးလည်းမသေ၊ မီးလည်းမငြိမ်းရာ။သင်၏ခြေသည် သင့်ကို အပြစ်ဉပမိစေလျှင် ထိုခြေ ကိုဖြတ်ပစ်လော့။ ခြေနှစ်ဘက်ရှိလျက်နှင့် ထာဝရ မီးထဲသို့ပစ်ချခံရခြင်းထက် ခြေတစ်ဘက်မပါဘဲ ထာဝရအသက်ရှင်ခြင်းသို့ ၀င်ရသည်ကသာ၍ကောင်း၏။ထိုနေရာ၌သူတို့၏ ပိုးလည်းမသေ။မီးလဲမငြိမ်းရာ။

သင်၏ မျက်စိသည် သင့်ကိုအပြစ်ပြုမိစေလျှင်ထိုမျက်စိကိုထုတ်ပစ်လော့။မျက်စိနှစ်လုံးစုံလင်လျက် ထာဝရမီးထဲသို့ပစ်ချခံရခြင်းထက်မျက်စိတစ်လုံးချို့ယွင်းလျက် ထာဝရအသက်ရှင်ခြင်းသို့ဝင်ရသည်က သာ၍ကောင်း၏။ ထိုနေရာ၌ သူတို့၏ ပိုးလည်းမသေ။ မီးလည်းမငြိမ်းရာ။အကြောင်းမူကား၊ လူတိုင်းသည် မီးဖြင့် ဆားနယ်ခြင်း ခံရလိမ့်မည်။ ယဇ်ကောင်ဟူ သမျှသည်လည်း ဆားနယ်ခြင်းခံရလိမ့်မည်။ ဆားသည် ကောင်းပေ ၏။ သို့သော် ဆားသည် အငံဓာတ်ပျောက်ခဲ့ပါ လျှင် ငံသောအရသာကို မည်ကဲ့သို့ ပြန်လည်ရရှိ မည်နည်း။ သင်တို့၌ဆားရှိစေကြလော့။ သင်တို့ အချင်းချင်းသင့်မြတ်စွာနေကြလော့ဟုမိန့်တော်မူ၏။

No comments:

Post a Comment