Thursday, February 24, 2011

(၇) ကြိမ်မြောက်သာမန် သောကြာ

25 Febuary 2011


ပထမကျမ်း : ဆီး၇ား ၆:၅-၁၇
ဆာလံကျမ်း : ဆာလံ ၁၁၉:၁၂, ၁၆, ၁၈, ၂၇, ၃၄,၃၅
ဧ၀ံဂေလိကျမ်း : ရှင်မာကုဧ၀ံဂေလိကျမ်း ၁၀: ၁-၁၂

ထို့နောက် ကိုယ်တော်သည် ထိုအရပ်မှထွက်ခွာ တော်မူလျက် ဂျုဒေယနယ် ဂျော်ဒန်မြစ် တစ်ဘ
က်ကမ်းသို့ ကြွသွားတော်မူရာ လူအစုအဝေးတို့သည် အထံတော်သို့ စုရုံးလာကြ၏။ ကိုယ်တော်သည် လည်းထုံးစံအတိုင်း သူတို့ကိုသွန်သင်ဟောပြောတော်မူ၏။ ဖာရီဇေဦးတို့သည်အထံတော်သို့ချဉ်းကပ် ကြ၍၊လူသည် မိမိမယားနှင့် ကွာရှင်းနိုင် သလောဟု ကိုယ်တော့်ကို စမ်းလိုသောအကြံနှင့်မေးမြန်းကြ၏။ 

ကိုယ်တော်ကလည်း မိုးဇက်သည် သင်တို့အား မည်ကဲ့သို့ ပညတ်ထားသနည်းဟု သူတို့အား ပြန်မေးတော်မူ၏။ သူတို့က ဖြတ်စာပေး ၍၊ ကွာရှင်းရန် မိုးဇက်ကအခွင့်ဉပခဲ့ပါသည်ဟု ဖြေကြ၏။ သို့သော် သခင်ယေဇူးက သူတို့အား မိန့် တော်မူသည်ကား သင်တို့၏ စိတ်နှလုံးခက်ထန် ခြင်းကြောင့် သူသည် ဤပညတ်ကို စီရင်ခဲ့၏။ဖန်ဆင်းခြင်း၏ အစကပင် ဘုရားသခင်သည် ယောက်ျားနှင် မိန်းမကို ဖန်ဆင်းတော်မူ၏။


ဤအကြောင်းကြောင့် ယောက်ျားသည် မိမိအဘနှင့် အမိကိုစွန့်၍ မိမိဇနီးမယားနှင့် ပေါင်းသင်းနေထိုင်ရလိမ့်မည်။ သူတို့နှစ်ဦးသည် တစ်သားတစ်ကိုယ် တည်းဖြစ်ရမည်။ သို့ဖြစ်၍ သူတို့သည် နှစ်ဦးမဟုတ်။ တစ်ဦးတည်းသာဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် စုံဖက်ထားသည်ကို လူသည်မကွဲကွာစေနှင့်ဟု မိန့်တော်မူ၏။ အိမ်တွင် တပည့်တော် တို့သည် ဤအကြောင်းကို ကိုယ်တော်အား ထပ်မံမေးလျှောက်ကြ၏။ 


ကိုယ်တော်က မည်သူမဆိုမိမိမယားနှင့်ကွာရှင်း၍ အခြားတစ်ယောက်နှင့် ပေါင်းသင်းလျှင် မိမိမယားကိုပြစ်မှား၍ ကာမဂုဏ်ကျူးလွန်ရာရောက်၏။ မယားဖြစ်သူသည်လည်း မိမိခင်ပွန်းနှင့် ကွာရှင်း၍ အခြားတစ်ယောက်နှင့် ပေါင်းသင်းလျှင် သူမသည်မိမိခင်ပွန်းကိ ပြစ်မှား၍ ကာမဂုဏ်ကျူးလွန်ရာ ရောက်၏။

No comments:

Post a Comment