Friday, March 25, 2011

 ရှမ်းပြည်နယ် တာချီလိတ်မြို့နှင့် ကျိုင်းတုံမြို့အကြား မိုင်းဖြတ်မြို့၊ လွိုင်မွေရွာအနီးကို ဗဟိုပြု၍ ၇.၀ အင်အားရှိ ငလျင်တစ်ခု လှုပ်ခတ်မှုဖြစ်ပွား

၂၀၁၁ ခုနှစ် မတ်လ ၂၄ ရက်နေ့ ည ၈ နာ ရီ ၂၉ မိနစ် ၃၀ စက္ကန့်၊ မန္တလေးမြို့မြေငလျင်စခန်းမှ အရှေ့တောင်ဘက် မိုင် ၃၀၀ ခန့်အကွာ မြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ် ကျိုင်းတုံမြို့၏ အရှေ့တောင်ဘက် ၃၅ မိုင်အကွာ၊ လွိုင်မွေရွာအနီးကိုဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့ကာ အင်အား ၇ ဒသမ ၀ ရှိကြောင်းထုတ်ပြန်ချက်များအရသိရသည်။

အဆိုပါငလျင်ကြောင့် ရှမ်းပြည်နယ်အတွင်းရှိ ဒေသများသာမက ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ မြို့နယ်များတွင်ပါ ငလျင်၏သက်ရောက်မှုကို သိရှိခံစားခဲ့ရကြောင်းသိရသည်။


source:http://www.news-eleven.com

No comments:

Post a Comment