taken from ewtnnews.com |
ပုပ်ရဟန်းမင်းကြီး ဘန်းနဒစ်သည် ဒီဇင်ဘာ ၃ နေ့တွင် Father Pyone Cho (ပြုံးချို) ကို ပြည်ကက်သလစ်ဂိုဏ်းချုပ်သာသနာ ဆရာတော် အသစ် အဖြစ်ခန့်အပ် လိုက်သည်။ Father ပြုံးချို သည် အသက် ၇၂ နှစ်ရှိပြီ ဖြစ်သော ဆရာတော် Joseph Devellerez Thaung Shwe ၏ နေရာ ကိုဆက်လက် ခံယူသည်။
သူသည် ၁၉၄၉ ဇူလိုင် လ ဉသျှစ်ပင်မြို.တွင် မွေးဖွားခဲ့သည်။ Fr ပြုံးချို သည် စိန် ဂျိုးဇက် ရဟန်းဖြစ်သင်ကျောင်း ရန်ကုန် တွင် philosophy နှင့် theology ကိုလေ့လာဆည်းပူးခဲ့ပြီး ၁၉၇၅ မတ်လ ၁၅ နေ့တွင် ဘုန်းတော်ကြီး သိက္ခာ ကိုခံ ယူခဲ့သည်။ ၁၉၇၅ မှ ၁၉၇၆ အထိ ပြည်ကက်သလစ် Cathedral တွင် လက်ထောက် ဘုန်းတော်ကြီး၊ ၁၉၇၆ မှ ၁၉၈၁ အထိ ပြည်ကက်သလစ် Cathedral တွင်ကျောင်းထိုင်ဘုန်းတော်ကြီး နှင့် ပြည် Minor Seminary တွင် တာဝန်ခံ ဘုန်းတော်ကြီး၊ ၁၉၈၁ မှ ၁၉၈၂ အထိ သရက် ကက်သလစ်သာသနာ ကျောင်းထိုင်ဘုန်းတော်ကြီး ၊ ၁၉၈၂ မှ ၁၉၈၈ အထိ သံတွဲကက်သလစ် သာသနာ ကျောင်းထိုင်ဘုန်းတော်ကြီး၊ ၁၉၈၈ မှ ၁၉၉၃ အထိ ပြင်ဉီးလွင် Major Seminary (Philosophy)ကျောင်းတွင် ဝိညာဉ်ရေးလန်းညွှန်ဘုန်းတော်ကြီး၊ ၁၉၉၃ မှ ၁၉၉၇ အထိ ပြင်ဉီးလွင် Major Seminary (Philosophy)တာဝန်ခံ ဘုန်းတော်ကြီး၊၁၉၉၇ မှ ၂ဝဝ၅ အထိ ပြည်ကက်သလစ် Cathedral ၏ ကျောင်းထိုင်ဘုန်းတော်ကြီး၊ ၂ဝဝ၅ မှ လက်ရှိ အချိန်ထိတိုင် အမေရိကန်ရှိ ကက်သလစ် သာသနာ ဂိုဏ်းချုပ် Salina, Kansas တွင် fidei donum (ယာယီဘုန်းတော်ကြီး)အဖြစ် တာဝန်ထမ်း ဆောင် လျက်ရှိသည်။
source:http://ns1.fides.org
source:http://ns1.fides.org
he is kind, good, sociable, wise, patient, intelligent, working-hard, humble and prayerful.
ReplyDeletei think these are the basic characteristics of a good shepherd! Marcus. Pwint Phay!