Sunday, December 5, 2010

မေဂျာဘရာသာ၇်များ၏ ဝတ်စောင့်ခြင်းနှင့် သိက္ခာခံယူပွဲ

ရန်ကုန်ကက်သလစ် ဘုန်းတော်ကြီးဖြစ်တက္ကသိုလ်မှ ဘရာသာ၇်များ၏ ဝတ်စောင့်ခြင်းနှင့် သိက္ခာခံယူပွဲကို (၂ဝ-၉-၂ဝ၁ဝ) မှ (၂၄-၉-၂ဝ၁ဝ) ထိ ရန်ကုန် အာ့ခ်ျဘိရှော့ချားလ်စ်ဘို ကိုယ်တိုင်ဦးဆောင်ပြုလုပ်ခဲ့ပါသည်။ (၂၅-၉၂ဝ၁ဝ) နေ့တွင် နှုတ်တော်ထွက်စကား အမှုတော်ဆောင်နှင့် ယဇ်ပလ္လင်အမှုတော်ဆောင် သိက္ခာကို ရန်ကုန်ကက်သလစ်ဘုန်းတော်ကြီးဖြစ် တက္ကသိုလ်တွင် အာ့ခ်ျဘိရှော့ချားလ်စ်ဘို လက်တော်မှ ခံယူခဲ့ကြပါသည်။နှုတ်တော်ထွက်စကား အမှုတော်ဆောင်ခံယူခဲ့ကြသော ဘရာသာ၇်များမှာ ရန်ကုန် (၂) ပါး ၊ ပုသိမ် (၄) ပါး ၊ ဘားအံ (၁) ပါး ၊ ပြည် (၁) ပါး ၊ မော်လမြိုင် (၄) ပါး ၊ မန္တလေး (၈) ပါး ၊ဗန်မော် (၂) ပါး၊ မြစ်ကြီးနား (၄) ပါး ၊ ကလေး (၆) ပါး၊ ဟားခါး (၆) ပါး ၊ တောင်ကြီး (၅) ပါး။ ဖယ်ခုံ (၂) ပါး ၊ ကျိုင်းတုံ (၂) ပါး ၊ လွိုင်ကော် (၂) ပါး နှင့် တောင်ငူမှ (၂) ပါး တို့ဖြစ်သည်။ ယဇ်ပလ္လင်အမှုတော်ဆောင် သိက္ခာကိုခံယူခဲ့ကြသော ဘရာသာ၇်များမှာတောင်ကြီး (၆) ပါး၊ဖယ်ခုံ (၁) ပါး ၊ကျိုင်းတုံ (၁) ပါး ၊လွိုင်ကော် (၁) ပါး၊ တောင်ငူမှ (၂) ပါး၊ မန္တလေး (၃) ပါး ၊ပုသိမ် (၃) ပါး ၊မြစ်ကြီးနား (၂) ပါး ၊ ဗန်မော် (၁) ပါး၊ လားရှိုး (၂) ပါး ၊ ဟားခါး (၅) ပါး ၊ ကလေး (၃) ပါး ၊ရန်ကုန် (၁) ပါး ၊ ပြည် (၂) ပါး နှင့် မော်လမြိုင်မှ (၁) ပါးတို့ဖြစ်ပါသည်။

No comments:

Post a Comment