Monday, January 31, 2011

စတုထသာမန် အင်္ဂါနေ့ 1 Febuary 2011

ပထမကျမ်း
ဟီဘရူးသြ၀ါဒစာ ၁၂ : ၁-၎
ဆာလံကျမ်း
ဆာလံ ၂၂ :၂၆ခ-၂၇, ၂၈ နှင့် ၃၀, ၃၁-၃၂
ဧ၀ံဂေလိကျမ်း
ရှင်မာကုဧ၀ံဂေလိကျမ်း ၅:၂၁-၄၃


သခင်ယေဇူးသည် အိုင်တစ်ဘက်ကမ်းသို့ လှေဖြင့် တစ်ဖန် ကူးတော်မူုသောအခါ၊ များစွာသောလူအစု အဝေးတို့သည် အထံတော်သို့ စုရုံးလာကြ ကိုယ်တော်သည် ကမ်းနားတွင်ရှိတော်မူစဉ်။ ဂျဲရု အမည်ရှိသော တရားဇရပ်မှူးတစ်ဦးသည် အထံ တော်သို့ ရောက်လာ၏။ သူသည် ကိုယ်တော့်ကိုမြင်သောအခါ၊ ခြေရင်းတော်၌ပျပ်ဝပ်လျက်၊ ကျွန်တော်၏ သမီးငယ်သည် သေလုနီးပါးဖြစ်နေပါ သည်။ ကိုယ်တော် ကလာတော်မူ၍၊ သူမအပေါ်၌ လက်တော်ကို တင်တော်မူလျှင် သူမသည်ပျောက် ကင်းချမ်းသာရ၍ အသက်ရှင်ပါလိမ့်မည်ဟု အသနားခံလျှောက်ထားလေ၏။ကိုယ်တော်သည် ထိုသူ နှင့်အတူ လိုက်ပါသွားတော်မူ၏။

များစွာသော လူအစုအဝေးသည် လည်းကိုယ်တော်၏ နောက်တော်သို့ လိုက်ကြသဖြင့် ကိုယ်တော်၏ အနားတွင်တိုးဝှေ့ပြည့်
ကျပ်နေကြ၏။ ထိုအရပ်၌ တစ်ဆယ်နှစ်နှစ် ပတ်လုံး သွေးသွန်နာစွဲကပ်နေသော အမျိုးသမီး တစ်ယောက်ရှိ၏။ သူမသည် များစွာသော ဆေးဆရာတို့၏ ကုသမှုတွင် ပြင်းထန်စွာ ဝေဒနာခံခဲ့ရ၍ မိမိ၌ရှိသမျှ ဥစ္စာပစ္စည်း ကုန်ခဲ့သော်လည်း သက်သာ ရာမရသည့် အပြင် ဝေဒနာသည်ပို၍ ဆိုးရွားလာခဲ့၏။ သူမသည် သခင်ယေဇူး၏ အကြောင်းကိုကြားသိ ရသောအခါ လူအစုအဝေးထဲသို့ဝင်၍ ကိုယ်တော်၏ ၀တ်လုံတော်ကို တို့လေ၏။

အကြောင်းမူကား၊ သူမကငါသည် ကိုယ်တော်၏ ၀တ်လုံတော်ကိုသာ ထိရပါလျှင် ရောဂါပျောက်ကင်း ချမ်းသာရလိမ့်မည် ဟု မိမိစိတ်ထဲတွင် ယုံကြည် ပြောဆိုသောကြောင့်ဖြစ်၏ ။ကိုယ်တော်၏ ၀တ်လုံတော်ကို တို့ထိသည် နှင့်တစ်ဉပိင်နက် သူမ၏ သွေးသွန်ခြင်းသည် ရပ် ဆိုင်းသွား၍၊ သူမ၏ ခန္ဓာကိုယ်၌ ဝေဒနာပျောက်ကင်းသွားသည်ကို ခံစားရလေ၏။ သခင်ယေဇူး သည် မိမိထံမှ တန်ခိုးတော်ထွက်သွားသည်ကို သိ တော်မူ၍ လူအစုအဝေးတို့ဘက်သို့ ချက်ချင်းလှည့် တော်မူပြီးမှ ငါ၏ ၀တ်လုံတော်များကို မည်သူတို့ထိသနည်းဟု မေးတော်မူ၏။

ထိုအခါ တပည့် တော်တို့ကလည်း လူအစုအဝေးသည် ကိုယ်တော့် ကိုဝိုင်းရံတိုးဝှေ့ နေသည်ကို သိတော်မူပါလျက် ငါ့ကို မည်သူတို့ထိသနည်းဟု မေးပါသလောဟူ၍လျှောက်ထားကြ၏။ သို့သော် ကိုယ်တော်သည် မိမိကိုမည် သူတို့ ထိကြောင်း သိရန် ပတ်လည်သို့ လှည့်ကြည့် တော်၏။ထိုအမျိုးသမီးသည် မိမိ၌ဖြစ် ပျက်သမျှကိုသိသောကြောင့် ကြောက်ရွံ့တုန်လှုပ်လျက် ခြေတော်ရင်းတွင်ပျပ်ဝပ်၍ ဖြစ်ရပ်မှန်ကိုအကုန်စင် လျှောက်ထားလေ၏။

ကိုယ်တော်က လည်း သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကို ပျောက်ကင်းချမ်းသာစေပြီ။ စိတ်ချမ်းသာစွာသွား လော့။ သင်၏ရောဂါပျောက်ကင်းစေဟု သူမအားမိန့်တော်မူ၏။ ထိုသို့ကိုယ်တော်မိန့်တော်မူစဉ်တွင် တရားဇရပ်မှူး၏အိမ်မှ လူအချို့ ရောက်လာကြ၍၊ သင်၏သမီးသေပြီ။အဘယ်ကြောင့် ဆရာသခင်ကို ဒုက္ခထပ်မံပေးမည်နည်းဟု ဆိုကြ၏။ သခင်ယေဇူးမကား၊ ဤစကားကို ကြားသော အခါ၊ မစိုးရိမ်နှင့်။ယုံကြည်ခြင်း သာ ရှိလော့ဟုတရားဇရပ်မှူးအားမိန့်တော်မူ၏။

ထို့နောက် ကိုယ်တော်သည် ပေတရု၊ယာကုပ်နှင့် ယာကုပ်၏ ညီယောဟန်တို့မှ တစ်ပါးမည်သူ့ကိုမျှ မိမိနှင့်အတူ
လိုက်ခွင့်ပြုတော်မမူဘဲတရားဇရပ်မှူးအိမ်သို့သွားလေ၏။သူတို့သည်တရားဇရပ်မှူး၏အိမ်သို့ရောက်ကြသောအခါ၊ လူများ ရုတ်ရုတ်သဲသဲ ဖြစ်လျက် ကျယ်လောင်စွာ အော်ဟစ်ငို ကြွေး နေသည်ကို ကိုယ်တော် မြင်ယောင်တော်မူ၏။
ကိုယ်တော်သည်အိမ်ထဲသို့ဝင်တော်မူ၍၊ သင်တို့သည် အဘယ့်ကြောင့် ရုတ်ရုတ်သဲသဲဖြစ် လျ ကြွေးနေကြသနည်း။ သူငယ်မ သေသည်မ ဟုတ်။ အိပ်ပျော် လျက်သာရှိ သည်ဟုသူတို့ အားမိန့်တော်မူ၏။ ထိုအခါသူတို့သည် ကိုယ်တော့်ကိုပြောင် လှောင်ရယ်မောကြ၏။

သို့သော် ကိုယ်တော် သည် သူတို့အားလုံးတို့ကို အပြင်သို့ ထွက်စေပြီးမှ သူငယ်မ၏ မိဘတို့ကို မိမိနှင့်ပါလာသောသူများနှင့် အတူခေါ်တော်မူ၍ သူငယ်မကို ထားသောအခန်းထဲ၎ို့ဝင်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် သူငယ်မ၏လက်ကိုဆုပ်ကိုင်လျက်
တာလိသာကွမ် ဟုမိန့်တော်မူ၏။ အဓိပ္ပါယ်ကား၊သူငယ်မ ထလော့၊ သင်အား ငါအမိန့်ရှိသည်ဟု ဆိုလိုသတည်း။သူငယ်မသည်
ချက်ခြင်း ထ၍ လမ်းလျှောက်လေ၏။ အ ကြောင်းမူကား၊ သူမသည် အသက်တစ်ဆယ့်နှစ်နှစ် ရှိပြီဖြစ်၏။ သူတို့သည်လည်း အလွန် အံသြကြ၏။ ကိုယ်တော်က ဤအကြောင်းကို မည်သူ့မျှ မသိစေ ရမည့်အကြောင်း သူတို့အား တင်းကျပ်စွာတားမြစ် တော်မူ၍၊ သူငယ်မကို စားစရာတစ်စုံတစ်ခု ပေးစေခြင်းငှာ မိန့်တော်မူ၏။

No comments:

Post a Comment