Monday, January 31, 2011

သူငယ်တော်ကို ဗိမာန်တော်၌ ပူဇော်အပ်နှံခြင်း ပွဲနေ့ 2 Febuary 2011

ပထမကျမ်း
မလခီ ၃:၁-၎
ဆာလံကျမ်း
ဆာလံ ၂: ၇, ၈, ၉, ၁၀
ဧ၀ံဂေလိကျမ်း
ရှင်လုကာဧ၀ံဂေလိကျမ်း ၂:၂၂-၃၂

သူငယ်တော်ကို ဗိမာန်တော်၌ ပူဇော်အပ်နှံခြင်း မိုးဇက်၏တရားဥပဒေနှင့်အညီ၊ သန့်ရှင်းစင်ကြယ်
ခြင်းဝိနည်းကို ပြုအပ်သောနေ့ရက် ရောက်သောအခါ၊ သူတို့သည်သူငယ်တော်ကို ဂျေရုဆလင်မြို့ သို့ခေါ်
ဆောင်ခဲ့ကြ၍၊ တရားဥပဒေကျမ်း၌ သားဦးဟူသမျှ ကို သခင်ဘုရားအား ဆက်ကပ်ပူဇော်ရမည်ဟု
ရေး သားထားသည့်အတိုင်း ဆက်ကပ်ပူဇော်ကြ၏။

ချိုးငယ်တစ်စုံ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ပူဇော် ရမည်ဟု တရားကျမ်း၌ ပါရှိသည့်အတိုင်း လှူဒါန်း
ပူဇော်ကြ၏။ ထိုအချိန်၌ စီမေအုံအမည်ရှိသောသူတစ် ယောက်သည် ဂျေရုဆလင် မြို့ တွင်ရှိ၏။ဤသူသည်
ဖြောင့်မတ်၍ ဘုရားတရား ကြည်ညိုသောသူဖြစ်ပြီး၊ အစ္စရေးလ်လူမျိုးတို့၏ သက်သာနှစ်
သိမ့်ခြင်းကို စောင့်ငံ့မျှော်လင့်သောသူဖြစ်၏။ သန့်ရှင်းသော ၀ိညာဉ်တော်သည် သူ့အပေါ်၌
တည်တော်မူ၏။ သူသည်ဘုရားသခင်ကတိထားတော်မူသောခရစ်တော်ကိုမဖူးမြင်ရမီ၊သေခြင်းသို့မရောက်ဟူ၍
သန့်ရှင်းသောဝိညာဉ်တော်ထံမှ ဗျာဒိတ်တော်ရရှိ ထားသူလည်း ဖြစ်၏။

စီမေအုံသည် ၀ိညာဉ်တော် ဘုရား၏ နှိုးဆော်ခြင်းကိုခံရ၍၊ ဗိမာန်တော်သို့ လာလေ၏။မိဘတို့သည်လည်း
ပညတ်ဥပဒေထုံးစံရှိသည့်အတိုင်း ဆောင်ရွက်ရန် အတွက်သူငယ်တော်ယေဇူးကို ဗိမာန်တော်သို့ ခေါ်ဆောင်
လာသောအခါ၊ သူသည် သူငယ်တော် ကိုမိမိ၏ လက်ဖြင့်ပွေ့ချီ၍ ဘုရားသခင်အားကျေးဇူး တော်ကို ချီးမွမ်းလျက်မြွက်ဆိုသည်ကား၊အိုသခင်ဘုရား၊ကိုယ်တော်ကတိထားတော်မူသည့်အတိုင်းကိုယ်တော်၏
အစေခံကို ငြိမ်သက်စွာသွားခွင့်ပြုတော်မူပါ။

အကြောင်းမူကား၊တပည့်တော်၏မျက်စိများသည်ကယ်တင်ခြင်းကိုမြင်ရလေပြီ။ထိုကယ်တင်ခြင်းကို
ကိုယ်တော်သည်လူမျိုးတကာတို့၏ရှေ့မှောက်တွင်ပြင်ဆင်ထားပြီး၊လူမျိုးခြားတို့အတွက်ဖော်ပြတော်မူသော
အလင်း၊ကိုယ်တော်၏ လူမျိုး အစ္စရေးလ်အတွက် ဂုဏ်ကျက်သရေ ဖြစ်စေတော်မူပြီ ဟူ၍တည်း။

No comments:

Post a Comment