Friday, January 14, 2011

17 /1/2011


ပထမကျမ်း 
ဟီဘရူး ၅: ၁-၁၀ 
ဆာလံ ၁၁၀:၁, ၂, ၃, ၎
ဧ၀ံဂေလိကျမ်း
ရှင်မာကု ဧ၀ံဂေလိကျမ်း၂:၁၈-၂၂

ထိုအခါကယောဟန်၏တပည့်များနှင့် ဖာရီဇေဦးတို့ သည် အစာရှောင်လေ့ရှိကြ၏။ လူများသည် ကိုယ် တော့်ထံသို့လာ၍၊ ယောဟန်၏ တပည့်များနှင့် ဖာရီဇေဦး တို့သည် အစာရှောင် ကြသော်လည်း ကိုယ်တော်၏ တပည့်တို့သည် အဘယ်ကြောင့် အစာမရှောင်ကြပါသနည်းဟု မေးလျှောက်ကြ၏။
 သခင်ယေဇူးကလည်း မင်္ဂလာဆောင်ပွဲသို့လာကြ သောသူများသည် မိမိတို့နှင့်အတူ မင်္ဂလာသတို့ သားရှိနေချိန်တွင် အစာရှောင်နိုင် ကြမည်လော။ မင်္ဂလာသတို့သား ရှိနေသမျှ ကာလပတ်လုံး သူတို့
သည် အစာမရှောင်နိုင်ကြ။ သို့ရာတွင် သတို့သား ကို သူတို့ထံမှ ခေါ်ဆောင်သွားမည့် နေ့ရက်များ ရောက်လာသောအခါ၊ သူတို့သည် အစာရှောင်ကြလိမ့်မည်။ မည်သူမျှ အ၀တ်ဟောင်းကို ပိတ်စသစ် နှင့်ဖာထေးလေ့မရှိ။ ထိုသို့ ပြုလျှင် ပိတ်စသစ်သည် အ၀တ်ဟောင်းမှ ရုန်းသဖြင့် စုတ်ပြဲသည့်နေရာ သည် ပို၍ကျယ်လာတတ်၏။ ထို့အပြင် မည်သူမျှ စပျစ်ရည်သစ်ကို သားရေဗူးဟောင်းတွင် ထည့်လေ့ မရှိ၊ ထည့်ခဲ့ပါလျှင် စပျစ်ရည်သစ်သည် သားရေ ဗူးကိုကွဲစေသဖြင့် စပျစ်ရည်ယိုဖိတ်၍ သားရေဗူး လည်းပျက်စီးလိမ့်မည်။ စပျစ်ရည်သစ်ကို သားရေ ဗူးသစ်တွင်သာ ထည့်ရ၏ဟု သူတို့အား မိန့်တော် မူ၏။

No comments:

Post a Comment