Friday, January 14, 2011

18/1/2011


ပထမကျမ်း 
ဟီဘရူး ၆း၁ဝ-၂ဝ
ဆာလံ  ၁၁၁း၁-၂,၄-၅,၉ နှင့် ၁ဝဂ
ဧ၀ံဂေလိကျမ်း
ရှင်မာကု ဧ၀ံဂေလိကျမ်း ၂:၂၃-၂၈

ဥပုသ်နေ့တစ်နေ့၌ ကိုယ်တော်သည် ဂျုံခင်းများ ကိုဖြတ်သန်း၍၊ သွားတော်မူ၏။ ထိုသူသည် သွား နေကြစဉ် တပည့်တော်များသည် ဂျုံစေ့များကို ဆွတ်ခူးကာ လက်ဖြင့် ပွတ်နယ်လျက်စားကြ၏။ဖာရီဇေဦးတို့က ကြည့်ပါလော့။ သူတို့သည် ဥပုသ်နေ့တွင် ပြု အပ်သောအမှုကို အဘယ်ကြောင့် ပြု  ကြသနည်းဟု ကိုယ်တော့်အား လျှောက်ကြ၏။
  ကိုယ်တော်ကလည်း ဒေးဗစ်မင်းကြီးနှင့် သူ၏ အပေါင်းအဖော်များသည် ဆာလောင် မွတ်သိပ် သောအခါ၊ မည်သိုပြု  ခဲ့ကြကြောင်း သင်တို့မဖတ်ဖူး ကြသလော။ သူသည် ရဟန်းအကြီးအကဲ အာဗိအာသာလက်ထက်၌ ဘုရားသခင်၏အိမ်တော်သို့ ၀င်လျက် ရဟန်းများမှတစ်ပါး၊ မည်သူမျှမစားအပ် သော အရှေ့တော်တင်မုန့်ကိုယူ၍ စားပြီးမှ မိမိနှင့် အတူ ပါလာသော သူတို့အားပေးခဲ့သည်ဟု သူတို့
 အား မိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်က ဥပုသ်နေ့သည် လူတို့အတွက် သတ်မှတ်ထားခြင်း ဖြစ်၏။လူတို့သည် ဥပုသ်နေ့အတွက် ဖန်ဆင်းထားခြင်းမဟုတ်။ သို့ဖြစ်၍ လူသားသည် ဥပုသ် နေ့၏အရှင်သခင်ဖြစ်သည်ဟု သူတို့အားမိန့်တော် မူ၏။

No comments:

Post a Comment