Friday, January 14, 2011

19/1/2011


ပထမကျမ်း 
ဟီဘရူး ၇း ၁-၃ ,၁၅-၁၇
ဆာလံ ၁၁ဝး ၁,၂, ၃, ၎
ဧ၀ံဂေလိကျမ်း
ရှင်မာကု ဧ၀ံဂေလိကျမ်း ၃:၁-၆

ကိုယ်တော်သည် တရားဇရပ်သို့တစ်ဖန် ကြွဝင်တော် မူ၏။ ထို့နေရာ၌ လက်တစ်ဖက်သေသောသူ တစ်
 ယောက်ရှိ၏။ ဥပုသ်နေ့၌ကိုယ်တော်သည်ထိုသူကို ပျောက်ကင်း စေလိမ့်မည်လောဟု ကိုယ်တော့်ကို အပြစ်တင်စွပ်စွဲရန် သူတို့သည် ချောင်းမြောင်းနေ ကြ၏။ကိုယ်တော်ကလည်း လက်တစ်ဖက်သေ သောသူအား ရှေ့သို့လာလော့ဟု မိန့်တော်မူ၏။
 ထို့နောက် ကိုယ်တော်က ဥပုသ်နေ့၌ကောင်းမှုကို ပြုအပ်သလော။ သို့မဟုတ် မကောင်းမှုကိုပြုအပ်သ လော။လူ့အသက်ကို ကယ်ဆယ်အပ်သလော။ သို့မဟုတ် ဖျက်စီးသတ်ဖြတ်အပ်သလောဟု သူတို့ အား မေးတော်မူ၏။ သို့သော် သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ ကိုယ်တော်သည် သူတို့ကိုအမျက်ဒေါသဖြင့် လှည့်ကြည့်တော်မူ၏။ ထိုသူတို့ ၏ စိတ်နှလုံးခိုင်မာခြင်းကြောင့် ကိုယ်တော်သည် ၀မ်းနည်းတော်မူ၍၊ လက်တစ်ဘက် သေနေသော သူအား သင်၏လက်ကိုဆန့်လောဟုမိန့်တော်မူ၏။ ထိုသူသည်လည်း လက်ကိုဆန့်လိုက်လျှင် သူ၏ လက်သည် အကောင်းပကတိ ဖြစ်သွားလေ၏။ ဖာရီဇေဦးတို့သည် ထွက်သွားကြ၍၊ ကိုယ်တော့်ကို မည်ကဲ့သို့ လုပ်ကြံရမည့်အကြောင်း ဟေရုဒ်၏လူ များနှင့် ချက်ခြင်းတိုင်ပင်ကြ၏။

No comments:

Post a Comment