Friday, January 14, 2011

20/1/2011


ပထမကျမ်း 
ဟီဘရူး ၇း၂၅-၈း၆
ဆာလံ ၄ဝး၇-၈က ၈ခ-၉,၁ဝ,၁၇
ဧ၀ံဂေလိကျမ်း
ရှင်မာကု ဧ၀ံဂေလိကျမ်း  ၃:၇-၁၂

သခင်ယေဇူးသည်တပည့်တော်တို့နှင့်အတူဂါလီလေအိုင်အနီးသို့ကြွသွားတော်မူလျှင်ဂါလိလေပြည်မှများစွာသော လူအစုအဝေးတို့သည်ကိုယ်တော်၏နောက်တော်သို့လိုက်ကြ၏။ဂျုဒပြည်မှလည်းကောင်း၊ဂျေရုဆလင် မြို့ မှစ၍အီဒူမီယနယ်၊ဂျော်ဒန်မြစ်တစ်ဘက်ကမ်း၊တိုင်ယာနှင့်ဆီဒုံ်မြို့ပတ်ဝန်းကျင်မှလည်း ကောင်းများစွာသောလူတို့သည်ကိုယ်တော့့်ပြုတော်မူသမျှတို့ကိုကြားကြသဖြင့် အထံတော်သို့လာကြ၏။ ကိုယ်တော်သည်လူအစုအဝေး၏ တိုးဝှေ့နင်းမိခြင်းမ ခံရစေရန်လှေတစ်စင်းကိုမိမိအတွက် အသင့်ပြင်ထား မည့်အကြောင်းကိုယ်တော်သည်တပည့်တော်များအားမိန့်တော်မူ၏။အကြောင်းမူကား၊ကိုယ်တော်သည်လူများစွာကိုရောဂါပျောက်ကင်းစေတော်မူသည်ဖြစ်၍၊ရောဂါအမျိုးမျိုးစွဲကပ်နေသောလူများသည် ကိုယ် တော့်ကို တို့ထိ နိုင်ရန် အထံတော်သို့ တိုးဝင်ကြသောကြောင့်ဖြစ်၏။ ညစ်ညူးသောနတ်ဆိုးတို့ သည်လည်း ကိုယ်တော့်ကိုမြင်ကြသောအခါ၊ ရှေ့ တော်၌ပျပ်ဝပ်လျက် ကိုယ်တော်သည် ဘုရားသခင် ၏သားတော်ဖြစ်တော်မူသည်ဟု ဟစ်အော်ကြ၏။သို့သော် ကိုယ်တော်သည် မိမိအကြောင်းကို ထုတ် ဖော်မပြောစေရန် သူတို့ကို တင်းကျပ်စွား တားမြစ် တော်မူ၏။

No comments:

Post a Comment