Friday, January 14, 2011

21/1/2011


ပထမကျမ်း 
ဟီဘရူး  ၈:၆-၁၃
ဆာလံ  ၈၅:၈ , ၁၀,၁၁-၁၂,၁၃-၁၄
ဧ၀ံဂေလိကျမ်း
ရှင်မာကု ဧ၀ံဂေလိကျမ်း ၃:၁၃-၁၉

ကိုယ်တော်သည် တောင်ပေါ်သို့ တက်တော်မူ၍၊ မိမိ အလိုရှိတော်မူသော သူတို့ကို ခေါ်တော်မူလျှင်၊သူတို့သည်အထံတော်သို့လာကြ၏။ထို့နောက်ကိုယ်တော်သည်တပည့်တော်တစ်ဆယ့်နှစ်ပါးကိုရွေး ချယ်တော်မူ၍၊မိမိနှင့်အတူရှိစေခြင်းငှာလည်းကောင်း၊ တရားဒေသနာ ဟောပြောရန် စေလွှတ်ခံရခြင်းငှာ လည်းကောင်း သူတို့ကို တမန်တော်များဟု အမည်သမုတ်တော်မူ၏။နတ်ဆိုးများကိုနှင် ထုတ်နိုင်သော အခွင့်အာဏာကိုလည်း သူတို့အားပေးတော်မူ၏။ကိုယ်တော်ရွေးချယ်ခန့်ထားတော်မူသော တစ်ဆယ့် နှစ်ပါးသည်ကား ပေတရု ဟုကိုယ်တော်အမည်ပေး ထားသော စီမုန်။မိုးကြိုး၏သားများဟု အနက်အဓိ ပ္ပါယ်ရှိသောဘိုနာဂျေအမည်ဖြင့်ကိုယ်တော်မှည့်ခေါ် ထားသည့်ဇေဘေဒေ၏ သားယာကုပ်နှင့် သူ၏ညီ ယောဟန်။အန္ဒြူး၊ဖိလစ်၊ဘာသိုလိုမေဦး၊သောမတ်၊ အာလ်ဖေဦးသားယာကုပ်၊သာဒေဦး၊ကာနန်နယ်သား စီမုန်နှင့် ကိုယ်တော်ကို သစ္စာဖောက်သူ ဂျုဒအီစ ကာရုဒ်တို့ ဖြစ်ကြသတည်း။

No comments:

Post a Comment