Friday, January 14, 2011

23/1/2011


ပထမကျမ်း 
ဟေရှာယ ၈:၂၃-၉,၃-၁
ဆာလံ ၂၇း၁,၄,၁၃-၁၄
ဒုတိယကျမ်း
ကော်ရင့်သုသြ၀ါဒပထမစာစောင်  ၁:၁၀-၁၃,၁၇
ဧ၀ံဂေလိကျမ်း
ရှင်မာတေဦး ဧ၀ံဂေလိကျမ်း ၄:၁၂-၂၃

ယောဟန် ဖမ်းဆီးချုပ်နှောင်ခံရကြောင်းကို သခင် ယေဇူးသည် ကြားတော်မူလျှင် ဂါလိလေပြည်သို့
ပြန် ကြွသွားတော်မူ၏။ ကိုယ်တော်သည် နာဇရက် မြို့မှ ထွက်ခွာတော်မူ၍ ဇာဘုလုံနှင့်နက္ဖတာလီနယ် စပ်ရှိ၊ ပင်လယ်ကမ်းခြေဉမိ့ဖြစ်သောကာဖာနာအုမ် မြို့သို့သွား၍သီတင်းသုံးတော်မူ၏။ဤအကြောင်းအရာ သည်ကား ပရောဖက်အီဇာယဟောထားချက်ပြည့်စုံ စေရန်ဖြစ်သတည်း။   ဟောထားချက်မူကား၊ဇာဘုလုံ နှင့်နက္ဖတာလီနယ်ရှိ၊  ပင်လယ်ကမ်းခြေတစ်လျှောက်မှလည်းကောင်း၊  ဂျော်ဒန်မြစ်တစ်ဘက်ကမ်းမှလည်း ကောင်း၊ လူမျိုးခြားတို့ နေထိုင်ရာ ဂါလိလေနယ်
မှောင်မိုက်တွင် ရှိနေကြသော လူတို့သည် ကြီးစွာ သောအလင်းကို မြင်ကြရပြီ။ သေမင်းနိုင်ငံ၏အရိပ် တွင်နေထိုင်ကြသောသူတို့အပေါ်သို့အလင်းတော်ပေါ်ထွန်းလေပြီ ဟူ၍ ဖြစ်သတည်း။  ထိုအချိန်မှ စ၍ သခင်ယေဇူးက နောင်တ ရကြလော့။ ကောင်းကင် နိုင်ငံတော်သည် နီးလာပြီဟု မိန့်တော်မူ၍ တရား ဒေသနာတော်ကို စတင်ဟောကြားတော်မူလေ၏။

သခင်ယေဇူးသည် ဂါလိလေ ပင်လယ်ကမ်းခြေတစ် လျှောက် သွားတော်မူစဉ် ပင်လယ်၌ပိုက်ကွန်ချနေ သော တံငါသည် ညီအစ်ကိုနှစ်ဦးဖြစ်သည့်ပေတရု အမည်ရှိ စီမုန်နှင့် သူ၏အစ်ကို အန္ဒြူးတို့ကို
 မြင်တော်မူ၏။ ထိုအခါ ကိုယ်တော်ကငါ့နောက်သို့ လိုက်ကြလော့၊ ငါသည်သင်တို့ကို လူဖမ်းသော တံငါသည်များဖြစ်စေမည်ဟုသူတို့အားမိန့်တော်မူ၏၊ ချက်ခြင်းပင်သူတို့သည် လည်းမိမိတို့၏ပိုက်ကွန်များကို ထားခဲ့၍  နောက်တော်သို့  လိုက်ကြ၏။ကိုယ်တော်သည် ထိုနေရာမှရှေ့သို့ အနည်းငယ်ဆက်၍ ကြွသွားတော်
မူသောအခါ၊ ဇေဘေဒေဦး၏သားများ ဖြစ်သည့် ယာကုပ်နှင့်သူ၏ ညီယောဟန်တည်းဟူ သောအခြားညီအစ်ကိုနှစ်ယောက်တို့သည်မိမိတို့ဖခင်နှင့်အတူလှေထဲတွင်ပိုက်ကွန်များပြင်ဆင်နေကြသည် ကိုမြင်တော်မူလျှင် သူတို့ကိုလည်း ခေါ်တော်မူ၏။
 ထိုသူတို့သည်လည်း လှေနှင့်ဖခင်ကိုထားခဲ့၍နောက် တော်သို့ ချက်ခြင်းလိုက်ခဲ့ကြ၏။ ကိုယ်တော်သည် ဂါလိလေနယ် တစ်ဝှမ်းလုံးတွင် လှည့်လည်ကာ သူတို့၏တရားဇရပ်များ၌ဆုံးမသွန် သင်တော်မူလျက် နိုင်ငံတော်နှင့် ဆိုင်ရာ ဧ၀ံဂေလိ သတင်းကောင်းကိုဟောပြောတော်မူ၍ လူတို့တွင်စွဲ ကပ်သောအနာရောဂါ အမျိုးမျိုးတို့ကို ပျောက်ကင်း ချမ်းသာစေတော်မူ၏။

Or


ယောဟန် ဖမ်းဆီးချုပ်နှောင်ခံရကြောင်းကို သခင် ယေဇူးသည် ကြားတော်မူလျှင် ဂါလိလေပြည်သို့
ပြန်ကြွသွားတော်မူ၏။ ကိုယ်တော်သည် နာဇရက် မြို့မှ ထွက်ခွာတော်မူ၍ ဇာဘုလုံနှင့်နက္ဖတာလီနယ် စပ်ရှိ၊ ပင်လယ်ကမ်းခြေဉမိ့ဖြစ်သောကာဖာနာအုမ်မြို့သို့သွား၍သီတင်းသုံးတော်မူ၏။ဤအကြောင်းအရာ သည်ကား ပရောဖက်အီဇာယဟောထားချက်ပြည့်စုံစေရန်ဖြစ်သတည်း။ဟောထားချက်မူကား၊ဇာဘုလုံနှင့်နက္ဖတာလီနယ်ရှိ၊ပင်လယ်ကမ်းခြေတစ်လျှောက်မှလည်းကောင်း၊ ဂျော်ဒန်မြစ်တစ်ဘက်ကမ်းမှလည်း ကောင်း၊ လူမျိုးခြားတို့ နေထိုင်ရာ ဂါလိလေနယ်မှောင်မိုက်တွင် ရှိနေကြသော လူတို့သည် ကြီးစွာ သောအလင်းကို မြင်ကြရပြီ။ သေမင်းနိုင်ငံ၏အရိပ် တွင်နေထိုင်ကြသောသူတို့အပေါ်သို့အလင်းတော်ပေါ်ထွန်းလေပြီ ဟူ၍ ဖြစ်သတည်း။ ထိုအချိန်မှ စ၍ သခင်ယေဇူးက နောင်တ ရကြလော့။ ကောင်းကင် နိုင်ငံတော်သည် နီးလာပြီဟု မိန့်တော်မူ၍ တရား ဒေသနာတော်ကို စတင်ဟောကြားတော်မူလေ၏။

No comments:

Post a Comment