Friday, January 14, 2011

24/1/2011

ပထမကျမ်း 

ဟီဘရူး  ၉:၁၅, ၂၄-၂၈
ဆာလံ ၈:၁, ၂-၃ ကခ,၃-၄ဂ,၅-၆
ဧ၀ံဂေလိကျမ်း
ရှင်မာကု ဧ၀ံဂေလိကျမ်း ၃:၂၂-၃၀

ဂျေရုဆလင် မြို့မှလာသော ကျမ်း တတ်ဆရာတို့ကလည်း သူသည် ဘဲလ်ဇေဘုလ် ပူးဝင်ခြင်းခံရသဖြင့် ထိုနတ်ဆိုးမင်းကိုအမှီ့ပြုလျက် နတ်ဆိုးများကိုနှင်ထုတ်ခြင်းဖြစ်သည်ဟု ဆိုကြ၏။ကိုယ်တော်သည်ကား၊ သူတို့ကို အထံတော်သို့ ခေါ်တော်မူ၍ ပုံဥပမာများခိုင်းနှိုင်းလျက် မိန့်တော် မူသည်ကား၊ စာတန်သည် စာတန်ကို မည်သို့နှင်ထုတ်နိုင်မည်နည်း။ တိုင်းနိုင်ငံတစ်ခု၌ မိမိနိုင်ငံ အတွင်း အချင်းချင်း ဆန့်ကျင်ကွဲပြားလျှင် ထိုနိုင်ငံသည် မတည်တံ့နိုင်ချေ။ အိမ်တစ်အိမ်၌ မိမိအချင်း ချင်း ဆန့်ကျင် ကွဲပြားနေကြလျှင် ထိုအိမ်သည်မတည်တံ့နိုင်ရာ။ စာတန်သည်လည်း မိမိကိုယ်မိမိ ဆန့်ကျင်ရန်ဘက့့်ပြု၍ ကွဲပြားနေလျှင် သူသည် မတည်မြဲနိုင်ချေ။ သူသည် ဆုံးခန်းကိုရောက်လိမ့်မည်။ ခွန်အားကြီးသူတစ်ဦးကို ပထမဦးစွာ ချည် နှောင်ထိန်းချုပ်ခြင်း မရှိဘဲ၊ သူ၏အိမ်အတွင်းသို့ ၀င်၍ သူပိုင်ဆိုင်သောဥစ္စာပစ္စည်းများကို မည်သူမျှ မလုယူနိုင်။ သူ့ကိုချည်နှောင်ထိန်းချုပ်ပြီးမှသာ သူ၏ အိမ်ကိုဝင်ရောက်လုယူနိုင်လိမ့်မည်။ 

သင်တို့ အား ငါအမှန်ဆိုသည်ကား၊ လူတို့သည် မိမိတို့ ကျူးလွန်သောအပြစ်များနှင့် ဘုရားသခင်ကို ထိ ခိုက်ပြစ်မှားမိသောအပြစ်များအတွက် အပြစ်လွှတ်ခြင်းခံရလိမ့်မည်။ သို့သော် သန့်ရှင်းသောဝိညာဉ် တော်ဘုရားကို ထိခိုက်ပြစ်မှားသောအပြစ်ကျူးလွန် သူသည် မည်သည့်အခါမျှ အပြစ်အခွင့်ချမ်းသာရ လိမ့်မည်မဟုတ်။ ထိုသူသည် ထာဝရအပြစ်ဒဏ်ကိုခံထိုက်သူဖြစ်၏ဟုမိန့်တော်မူ၏။ အကြောင်းမူကား၊ ထိုသူတို့က ကိုယ်တော်၌ ညစ်ညူးသော နတ်ဆိုးရှိသည်ဟု ဆိုကြသောကြောင့်ဖြစ်၏။

No comments:

Post a Comment