ပထမကျမ်း
တိမောသေဦးထံ ပေါလုရေးသော ဒုတိယစာစောင် ၁:၁-၈
Or
တိတုထံရှင်ပေါလုရေးသောစွှာ ၁:၁-၅
ဆာလံ ၉၆း ၁-၂က ,၂ခ-၃ ,၇-၈က, ၁ဝ
ဧ၀ံဂေလိကျမ်း
ရှင်မာကု ဧ၀ံဂေလိကျမ်း ၄:၁-၂၀
တစ်ဖန် ကိုယ်တော်သည် ဂါလီလေအိုင်ကမ်းခြေ၌ ဟော ပြောသွန်သင်တော်မူ၏။ အလွန်ကြီးမားသော လူအစုအဝေးကြီးသည် အထံတော်၌လာရောက်စုဝေး ကြသဖြင့် ကိုယ်တော်သည် ရေပြင်ပေါ်ရှိ လှေတစ် စီးပေါ်သို့ ထိုင်တော်မူ၏။ လူအစုအဝေး မူကား၊ကမ်းပါးပေါ်တွင်ရှိနေကြ၏။ ကိုယ်တော်သည်များ စွာသော အကြောင်းအရာတို့ကို ပုံဥပမာခိုင်းနှိုင်း၍ သူတို့အားသွန်သင်တော်မူ၏။ ထိုသို့သွန်သင်တော်မူရာတွင် ကိုယ်တော်က သူတို့အားမိန့်တော်မူသည် မှာ။
နားထောင်ကြလော့။ မျိုးစေ့ကြဲသောသူတစ် ယောက်သည် မျိုးစေ့ကြဲရန် ထွက်သွားလေ၏။သူသည် မျိုးစေ့များကြဲသောအခါ အချို့မျိုးစေ့တို့ သည် လမ်းဘေးတစ်လျှောက်တွင် ကျသဖြင့် ငှက်များသည်လာ၍စားကြ၏။ အချို့မျိုးစေ့တို့သည် မြေ ဆီလွှာပါးသော ကျောက်ခံမြေပေါ်တွင်ကျသဖြင့်
မြေတိမ်သောကြောင့် အပင်များ လျင်မြန်စွာပေါက်လာကြ၏။ သို့သော်လည်း အပင်တို့သည် အမြစ် မတွယ်သောကြောင့် နေပူသောအခါ ညှိုးနွမ်းသွေ့ ခြောက်သွားကြလေ၏။အခြားသော မျိုးစေ့တို့သည် ဆူးဉခံများအကြားတွင် ကျသဖြင့် ဆူးပင်တို့ကြီး ထွားလာသောအခါ အပင်ငယ်တို့ကိုလွှမ်းမိုးဖုံးပိတ် ထားသောကြောင့် ယင်းတို့သည် အသီးမသီးနိုင်ကြ ချေ။
အချို့သော မျိုးစေ့တို့သည်ကား ကောင်းသော မြေပေါ်တွင်ကျသဖြင့်အပင်များပေါက်လာသောအခါ၊ ကောင်းစွာအသီးဖြစ်ထွန်း၍ အဆသုံးဆယ်အဆ ခြောက်ဆယ်၊ အဆတစ်ရာ အသီးသီး ရရှိကြ၏။ကြားခြင်းငှာ နားရှိသော သူသည်ကြားပါစေဟု ကိုယ်တော်မိန့်တော်မူ၏။
ပုံဥပမာများ ခိုင်းနှိုင်းရခြင်း၏ရည်ရွယ်ချက်
(မာ ၁၃း၁၀-၁၇၊ လု ၈း၉-၁၀)
ကိုယ်တော်သည် တစ်ပါးတည်ရှိတော်မူသောအခါ၊ တပည့်တော်တစ်ဆယ့်နှစ်ပါးနှင့်အနားမှာရှိသော သူ တို့က ပုံဥပမာစကားများအကြောင်းကို ကိုယ်တော်အားမေးလျှောက်ကြ၏။ကိုယ်တော်ကလည်းသူတို့အား မိန့်တော်မူသည်ကား၊ သင်တို့သည်ကောင်းကင် နိုင်ငံတော်၏ လျှို့ဝှက်နက်နဲသောအကြောင်းအရာများကို
သိရသော အခွင့်ကိုရကြ၏။သို့သော်အပြင်မှာရှိ သော သူတို့၁အတွက်မူကား၊ ခပ်သိမ်းသောအရာတို့ ကို ပုံဥပမာအားဖြင့်သာသိရသော အခွင့်ကိုပေးထားပေးထား၏။
ဤသို့ဖြစ်ရခြင်းမှာသူတို့သည် အကျင့် ပြောင်းလဲ၍၊ အပြစ်လွှတ်ခွင့်ချမ်း သာရမည်ကို စိုးရိမ်ကြသောကြောင့်ကြည့်သော်လည်းမသိမမြင်ကြ၊ကြားသော်လည်းနားလည် သဘောပေါက်ကြမည်မ ဟုတ်ဟု မိန့်တော်မူ၏။ကိုယ်တော်က သူတို့အား မိန့်တော်မူသည်ကား၊ သင်တို့သည် ဤပုံဥပမာကိုနားမလည်ကြသလော၊ သို့ဖြစ်လျှင် သင်တို့သည် ပုံဥပမာအားလုံးကို မည်သို့နားလည်နိုင် ကြမည်နည်း။ မျိုးစေ့ကြဲသောသူသည် နှုတ်ကပတ်တော်ကို ကြဲလေ၏။ လမ်းပေါ် တွင် ကျသောမျိုးစေ့တို့သည်ကား၊ ဤသူများပေ တည်း။ နှုတ်ကပတ်တော် မျိုးစေ့ကိုကြဲသောအခါ၊ သူတို့သည် ကြားနာရသော်လည်း စာတန်သည် ချက်ခြင်းလာ၍၊ နှုတ်ကပတ်တော်ကို သူတို့၏စိတ် နှလုံးထဲမှနှုတ်ယူသွားခြင်း ခံရသူများဖြစ်ကြ၏။
ထိုနည်းတူစွာပင် ကျောက်ခံမြေပေါ်တွင် ကျသော မျိုးစေ့တို့သည်ကား၊ ဤသူများပေတည်း။ သူတို့ သည် နှုတ်ကပတ်တော်ကို ကြားနာရသောအခါ ချက်ခြင်းပင် ၀မ်းမြောက်ဝမ်းသာခံယူကြ၏။
သို့သော် နှုတ်ကတော်သည် သူတို့၌အမြစ်မတွယ် သောကြောင့် ခေတ္တခဏသာတည်ရှိ၏။သူတို့သည် နှုတ်ကပတ်တရားတော်အတွက် ညှင်းပန်းနှိပ်စက် ခြင်းခံကြရသောအခါ ချက်ခြင်းပင် တရားတော်ကို
စွန့်ပစ်တတ်သူများဖြစ်ကြ၏ ဆူးပင်ံတို့အလယ် တွင် ကျရောက်သော မျိုးစေ့တို့သည်ကား၊ ဤသူ များပေတည်း။ သူတို့သည် နှုတ်ကပတ်ကို ကြားခဲ့ကြ၏။ သို့သော်လောကီရေးရာများ၌ စိုးရိမ်ကြောင့် ကြခြင်း၊ချမ်းသာ ကြွယ်ဝခြင်း၌နှစ်သက်ပျော်မွေ့ခြင်းနှင့် အခြားသောအရာများကို စွဲလန်းတပ်မက် ခြင်းတို့သည် နှုတ်ကပတ်တော်ကို လွှမ်းမိုးဝိုင်းရံ ထားသောကြောင့် မည်သို့မျှ မသီးမပွင့်နိုင်သောသူ
များဖြစ်ကြ၏။ ကောင်းသောမြေပေါ်မှာ ကျရောက် သောမျိုးစေ့များသည်ကားဤသူများပေတည်း။သူတို့ သည် နှုတ်ကပတ်တော်ကိုကြားနာ၍ ခံယူကြသဖြင့် သူတို့၌အဆသုံးဆယ်၊အဆခြောက်ဆယ်၊ အဆတစ် ရာတိုးပွားအောင်အသီးသီးကြသောသူ များဖြစ်ကြ၏ ဟု မိန့်တော်မူ၏။
No comments:
Post a Comment