Friday, January 14, 2011

27/1/2011


ဟီဘရူး  ၁၀:၁၉-၂၅
ဆာလံ ၂၄:၁-၂, ၃-၄ကခ, ၅-၆
ဧ၀ံဂေလိကျမ်း
ရှင်မာကု ဧ၀ံဂေလိကျမ်း  ၄:၂၁-၂၅

ထို့နောက် ကိုယ်တော်သည် သူတို့အားမိန့်တော်မူ သည်ကား၊ ဆီမီးကိုထွန်း၍ တောင်းဇလားအောက် ၌လည်းကောင်း၊ အိပ်ရာအောက်၌ လည်းကောင်း ထားလေ့ ရှိကြသလော။ မီးတင်ခုံပေါ်မှာ တင်ထား
ရသည်မဟုတ်လော။ အကြောင်းမူကား၊ ထုတ်ဖော်ပြရန်အတွက် ၀ှက်ကွယ်ထားသောအရာ ဟူ၍ မရှိ၊ အလင်း၌ထင်ရှားစေရန်အတွက် လျှို့ဝှက်ထား သောအရာဟူ၍လည်းမရှိ။ ကြားခြင်းငှာနားရှိသော
 သူသည် ကြားပါစေဟုမိန့်တော်မူ၏။

ထို့နောက် ကိုယ်တော်ကသင်တို့ ကြားနာရသည့်အရာကို သတိ့ပြုကြလော့။ သင်တို့ချိန်တွယ်တိုင်းတာ၍ပေး သောပမာဏအတိုင်း ချိန်တွယ်တိုင်းတာ၍ သင်တို့ ပြန်ရကြလိမ့်မည်။ပိုမို၍သင်တို့အားပေးလိမ့်မည်။
အကြောင်းမူကား၊ ရှိသောသူအားထပ်မံ၍ ပေးလိမ့် မည်။ မရှိသောသူထံမှမူကား ရှိသမျှကိုပင်သိမ်းယူ သွားလိမ့်မည်ဟု မိန့်တော်မူ၏။

No comments:

Post a Comment