ပထမကျမ်း
ဟီဘရူးံ၁၀:၃၂-၃၉
ဆာလံ ၃၇:၃-၄, ၅-၆, ၂၃-၂၄, ၃၉-၄၀
ဧ၀ံဂေလိကျမ်း
ရှင်မာကု ဧ၀ံဂေလိကျမ်း ၄:၂၆-၃၄
တစ်ဖန် ကိုယ်တော်မိန့်တော်မူသည်ကား၊ ဘုရား သခင်၏ နိုင်ငံတော်သည် မြေပေါ်၌ လူတစ်ဦး၏
မျိုးစေ့ကြဲသည်နှင့်တူ၏။ သူသည် မျိုးစေ့ကိုကြဲပြီးနောက်၊နေ့ညမပြတ်အိပ်ပျော်သည့်အခါ၌ဖြစ်စေ၊
နိုး နေသည့်အခါ၌ဖြစ်စေမျိုးစေ့သည်အပင်ပေါက်လျက် မည်ကဲ့သို့ ကြီးထွားနေလာသည်ကို သူမသိပေ။
အကြောင်းမူကား၊ မြေကြီးသည် အလိုအလျောက သီးပွင့်စေတတ်၏။ ပထမဦးစွာ အညှောက်၊ ထို့
နောက်အနှံ၊ ထို့နောက်အနှံအောင် အဆန်ကိုဖြစ်စေတတ်၏။ အသီးများ မှည့်၍ ရိတ်သိမ်းချိန်ရောက် သောအခါ ချက်ခြင်းတံစဉ်နှင့် ရိတ်တတ်သည်ဟု မိန့်တော်မူ၏။
တစ်ဖန် ကိုယ်တော်က မိန့်တော်မူသည်မှာ၊ ဘုရား သခင်၏ နိုင်ငံတော်ကို မည်သည့်အရာနှင့်ငါတို့ပုံ ခိုင်းနှိုင်းရမည်နည်း။ သို့မဟုတ် မည်သည်ပုံဥပမာ အားဖြင့် ဖော်ပြရမည်နည်း။ ဘုရားသခင်၏နိုင်ငံ တော်သည် မုံညှင်းစေ့နှင့်တူ၏၊ မုံညှင်းစေ့သည် မြေတွင် စိုက်ပျိုးစဉ်အခါက ကမ္ဘာမြေပြင်ပေါ်၌ ရှိသော အစေတကာတို့တွင် အသေးငယ်ဆုံးသောမျိုးစေ့ဖြစ်၏။သို့သော်လည်း အပင်ပေါက်ပြီး၍ ကြီးထွားလာသောအခါ၊ဟင်းသီးဟင်းရွက်ပင်အားလုံး တို့တွင်အကြီးဆုံးဖြစ်လာ၏။ကြီးသောအကိုင်းအခက် များ ထွက်လာသဖြင့် မိုးကောင်းကင် ငှက်တို့သည်ယင်း၏အရိပ်တွင် အသိုက်များဉပလုပ်နေထိုင် ကြ၏။
ကိုယ်တော်သည် ထိုသူတို့နားထောင်တတ်သည့်ပုံဥပမာများကိုအသုံ့း့ပြု ၍သူတို့အားနှုတ်ကပတ်
တရားတော်ကိုဟောပြောတော်မူ၏။ ကိုယ်တော် သည်ပုံဥပမာမပါဘဲ၊ ဟောပြောတော်မမူ။ သို့သော် ကိုယ်တော်သည်အကြောင်းအရာအားလုံးကို တပည့် တော်တို့အား သီးခြားရှင်းလင်းဖော်ပြတော်မူ၏။
No comments:
Post a Comment