Friday, January 14, 2011

29/1/2011

ပထမကျမ်း 
ဟီဘရူး  ၁၁:၁-၂, ၈-၁၉
ဆာလံ   ရှင်လုကာ ၁:၆၉-၇၀, ၇၁-၇၂, ၇၃-၇၅
ဧ၀ံဂေလိကျမ်း
ရှင်မာကု ဧ၀ံဂေလိကျမ်း ၄:၃၅-၄၁

ထို့နေ့ ညနေအချိန်ရောက်သောအခါ၊ ကိုယ်တော်က တပည့်တော်တို့အား တစ်ဖက်ကမ်းသို့ ကူးကြစို့ဟု
 မိန့်တော်မူ၏။ တပည့်တော်တို့သည်လည်း လူအစု အဝေးကိုထားခဲ့၍၊ လှေပေါ်တွင် ရောက်ရှိနှင့်သော ကိုယ်တော်နှင့်အတူ ထွက်ခွာကြ၏။ အခြားသော လှေများသည်လည်း ကိုယ်တော်နှင့်အတူ လိုက်ပါ
 လာကြ၏။ ထိုအခိုက်တွင် ရုတ်တရက်မုန်တိုင်း ကျရောက်သဖြင့် လှိုင်းတံပိုးခတ်သောကြောင့် လှေ
သည်ရေပြည့်လုမတတ်ရှိလေ၏။ ကိုယ်တော်မူကား၊ လှေ၏ ပဲ့ပိုင်း၌ခုံပေါ်တွင်ကျိန်းစက်နေတော်မူ ၏။တပည့်တော်တို့သည်ကိုယ်တော့်ကို နှိုးကြလျက် ဆရာသခင်၊တပည့်တော်တို့ ပျက်စီးခြင်းသို့ရောက် မည်ကို သတိမ ပြု တော်မူပါသလောဟု လျှောက်ကြ၏။

ကိုယ်တော်သည်ထတော်မူ၍၊ လေကိုငေါက် ငန်းတော်မူလျက်ပင်လယ်ကိုလည်း ငြိမ်သက်လော့ ဟုအမိန့်ပေးတော်မူလျှင်လေတိုက် ခတ်ခြင်းရပ်တန့် ပြီး၊ အလွန်တိတ်ဆိတ်ငြိမ်သက်ခြင်းသို့ရောက်လေ
၏။ကိုယ်တော်ကသင်တို့သည် အဘယ်ကြောင့် ကြောက်ရွံ့ကြသနည်း။သင်တို့၌ယုံကြည်ခြင်းမရှိသ လောဟု တပည့်တော်တို့အားမေးတော်မူ၏။မေးတော်မူ၏။ထိုအခါ သူတို့သည် အံ့သြတုန် လှုပ်ကြလျက်ဤသူကား၊မည်သူဖြစ်သနည်း။လေနှင့် လှိုင်းတံပိုးများပင်လျှင် သူ၏အမိန့်ကို နာခံကြရပါ သည်တကားဟု အချင်းချင်းပြောဆိုကြ၏။

No comments:

Post a Comment