Friday, January 14, 2011

30/1/2011

ပထမကျမ်း 
ဇေဖနိအနာဂတ္တိကျမ်း  ၂:၃း , ၃:၁၂-၁၃
ဆာလံ  ၁၄၆:၆-၇, ၈-၉, ၉-၁၀
ဒုတိယကျမ်း
ကော်ရင့်သုသြ၀ါဒပထမစာစောင်  ၁:၂၆-၃၁
ဧ၀ံဂေလိကျမ်း
ရှင်မာတေဦး ဧ၀ံဂေလိကျမ်း ၅:၁-၁၂က

ကိုယ်တော်သည် လူအစုအဝေးတို့ကိုမြင်တော်မူလျှင် တောင်ပေါ်သို့ တက်၍ ထိုင်နေတော်မူ၏။ တပည့် တော်တို့သည် အထံတော်သို့စုဝေးလာကြသောအခါ၊ကိုယ်တော်သည် မိမိနှုတ်တော်ကိုဖွင့်၍ သူတို့အား ဟောပြော သွန်သင်တော်မူသည်ကား၊အတွင်းစိတ်ဖြင့် ဆင်းရဲသောသူတို့သည် မင်္ဂလာရှိ ကြ၏။အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံဖြစ်၏။ 

ဝမ်းနည်းငိုကြွေးသော သူတို့သည်မင်္ဂလာရှိကြ၏။ အကြောင်းမူကားသူတို့ သည် နှစ်သိမ့်ခြင်းခံကြရလိမ့်မည်။ စိတ်နှလုံးနူးညံ့သိမ်မွေ့သော သူတို့သည် မင်္ဂလာရှိကြ၏။အကြောင်းမူကားသူတို့သည်မြေကိုပိုင်ဆိုင်ကြရလိမ့်
မည်။ ဖြောင့်မတ်ခြင်းတရားကိုဆာငတ်သောသူတို့ သည်မင်္ဂလာရှိကြ၏။ အကြောင်းမူကားသူတို့သည် လိုအင်ဆန္ဒပြည့်ဝကြလိမ့်မည်။

ကြင်နာသနားတတ်သောသူတို့သည်မင်္ဂလာရှိကြ၏။အကြောင်းမူကား သူတို့သည် ကြင်နာသနားခြင်း
 ခံကြရလိမ့်မည်။ စိတ်နှလုံးရိုးသားဖြူစင်သောသူတို့ သည်မင်္ဂလာရှိကြ၏။ အကြောင်းမူကားသူတို့သည်
ဘုရားသခင်ကို ဖူးမြင်ကြရလိမ့်မည်။ ငြိမ်းချမ်းရေး အတွက်ကြိုပမ်းဆောင်ရွက်သော သူတို့သည်မင်္ဂလာ ရှိကြ၏။အကြောင်းမူကားသူတို့သည်ဘုရားသခင်၏ သားများဟု အခေါ်ခံကြရလိမ့်မည်။

 ဖြောင့်မတ်ခြင်း တရားအတွက်ညှဉ်းပန်းနှိပ်စက်ခြင်း ခံရသော သူတို့သည်မင်္ဂလာရှိကြ၏။ အကြောင်းမူ ကားကောင်းကင်နိုင်ငံတော်သည်သူတို့၏နိုင်ငံဖြစ်၏လူတို့သည်ငါ့အတွက်ကြောင့်သင်တို့ကိုကဲ့ရဲ့ညှဉ်းဆဲ ပြီးမဟုတ်မမှန်ဘဲ အမျိုးမျိုးပြစ်တင်ရှုတ်ချကြသော အခါ သင်တို့သည် မင်္ဂလာရှိကြ၏။ ၀မ်းမြောက် ဂုဏ်ယူကြလော့၊ အကြောင်းမူကား ကောင်းကင် နိုင်ငံတော်တွင် သင်တို့ ခံစားရမည့် ဆုလာဘ်သည်ကြီးမားလှပေ၏။

No comments:

Post a Comment