Friday, January 14, 2011

31/1/2011


ဟီဘရူး  ၁၁:၃၂-၄၀
ဆာလံ  ၃၁:၂၀, ၂၁, ၂၂, ၂၃, ၂၄
ဧ၀ံဂေလိကျမ်း

ရှင်မာကု ဧ၀ံဂေလိကျမ်း ၅ : ၁-၂၀

သူတို့သည် ဂါလိလေအိုင်တစ်ဘက်ကမ်းတွင်ရှိသောဂျာရစင်နယ်သို့ ရောက်ကြ၏။ ကိုယ်တော်သည် လှေပေါ်မှ ကမ်းပေါ်သို့ တက်တော်မူသော အခါ၊ ညစ်ညူးသော နတ်ဆိုးစီးခြင်းခံနေရသည့်လူတစ်ဦး သည် သင်္ချိုင်းဂူများကြားမှ ထွက်လာ၍ ကိုယ်တော်နှင့်ဆုံလေ၏။ထိုသူသည်သင်္ချိုင်းဂူများအကြား တွင် နေထိုင်၏။ မည်သူမျှ သူ့ကိုသံကြိုးနှင့်ချည်နှောင်၍မထားနိုင်ချေ။အကြောင်းမူကား၊ သူ့ကိုခြေ ကျဉ်းများ၊ သံကြိုးများဖြင့်အကြိမ်ကြိမ် ချည်နှောင် ကြသော်လည်း သူသည် သံကြိုးများကို ဖြတ်၍၊ ခြေကျဉ်းများကို ကျိုးပဲ့စေသောကြောင့် မည်သူမျှ သူ့ကိုထိန်းချုပ်နိုင်စွမ်းမရှိကြချေ။

 သူသည်သင်္ချိုင်းဂူများအကြားနှင့် တောင်ကုန်းများ ပေါ်တွင် နေ့ညမပြတ် အော်ဟစ်နေလျက် ကျောက်
 တုံးများဖြင့် မိမိကိုယ်ကို အနာတရဖြစ်စေ၏။ ထို သူသည်သခင်ယေဇူးကို အဝေးမှလည်းမြင် အခါ၊ အထံတော်သို့ ပြေးသွား၍ ရှေ့တော်၌ပျပ်ဝပ်လျက်၊အမြင့်ဆုံးသောဘုရားသခင်၏သားတော် ယေဇူး၊ ကိုယ်တော်သည် ကျွန်ုပ်ကိုမည်သို့ဉပပါမည်နည်း။ ကျွန်ုပ်ကို ညှင်းဆဲတော်မမူပါနှင့်။ဘုရားသခင်၏ နာမတော်ကို အမှီ့ပြု ၍ အသနားခံပါသည် ဟု ကျယ်လောင်သော အသံဖြင့် အော်ဟစ်တောင်း လျှောက်လေ၏။ အကြောင်းမူကား၊ ကိုယ်တော်က ညစ်ညူးသောနတ်ဆိုး ဤလူ့ထံမှထွက်ခွာလော့ဟု သူ့အား အမိန့်ပေးတော်မူသောကြောင့်တည်း။

 သခင်ယေဇူးက သင်၏အမည်ကား၊မည်သူနည်းဟု သူ့ကိုမေးတော်မူလျှင် သူက ကျွန်ုပ်၏အမည်မှာ လေဂျင်ဖြစ်ပါသည်။အကြောင်းမူကား၊ ကျွန်ုပ်တို့ သည် အရေအတွက်များသောကြောင့် ဖြစ်ပါသည် ဟုပြန်ဖြေလေ၏။ ထို့နောက် မိမိတို့ကို ဤဒေသ မှ နှင်ထုတ်တော်မမူပါမည့်အကြောင်း ကိုယ်တော်အား အတန်တန် တောင်းပန်လေ၏။ ထိုအရပ်၌ ၀က်အုပ်ကြီး တစ်အုပ်သည် တောင်ကုန်းပေါ်တွင်အစာစားလျက် ရှိ၏။ညစ်ညူးသော နတ်ဆိုးတို့က ကျွန်ုပ်တို့ကို ၀က်များထဲသို့ ၀င်ရောက်ရန်စေလွှတ် တော်မူပါဟု တောင်းပန်ကြ၏။ ကိုယ်တော်သည် လည်း သူတို့ကိုခွင့့်ပြု  တော်မူ၏။ ညစ်ညူးသော နတ်ဆိုးများသည် ထွက်လာကြ၍၊ ၀က်များထဲသို့ ၀င်ကြသဖြင့် အကောင်ရေ နှစ်ထောင်ခန့်ရှိသော ၀က်အုပ်သည် ချောက်ကမ်းပါးအတိုင်း ပင်လယ် အတွင်းသို့ တဟုန်ထိုးပြေးဆင်းလျက် ရေတွင်နစ် မြှုပ်သေဆုံးကြကုန်၏။ 

ဝက်ကျောင်းသောသူတို့ သည် ထွက်သွားကြ၍၊ မြို့ တွင်း၌လည်းကောင်း၊ ပတ်ဝန်းကျင် အရပ်ဒေသ၌ လည်းကောင်း။ ဤ အကြောင်းကို ပြောကြားကြသဖြင့် လူများသည်ဖြစ်ပျက်သမျှကို သိမြင်ခြင်းငှာလာကြ၏။ သူတို့သည် ယေဇူးထံတော်သို့ ရောက်သောအခါ၊ နတ်ဆိုးများ စွာ စီးခြင်းခံရသူသည် အ၀တ်ကိုဝတ်လျက် မူမှန် သော ပကတိစိတ်နှင့် ထိုင်လျက်နေသည်ကို တွေ့ မြင်ကြသဖြင့် အလွန်ကြောက်ရွံ့ကြ၏။ ထိုဖြစ် ရပ်ကို ကိုယ်တိုင်မြင်တွေ့လိုက်ရသော သူများက နတ်ဆိုးစီးသောသူနှင့် ၀က်များ၌ဖြစ်ပျက်ခဲ့သော အကြောင်းအရာတို့ကို သူတို့အား ပြောပြကြ၏။

ထို့ကြောင့် မိမိတို့ဒေသမှ ထွက်ခွာသွားတော်မူရန် သူတို့သည် ကိုယ်တော့်ကို တောင်းပန်ကြ၏။
ကိုယ်တော်သည် လှေပေါ်သို့တက်တော်မူစဉ် နတ် ဆိုးစီးခြင်းခံခဲ့ရသူက ကိုယ်တော်နှင့် လိုက် ပါ ခွင့့်ပြု
ပါမည့်အကြောင်း တောင်းပန်လေ၏။ သို့သော် ကိုယ်တော်သည် သူ့ကိုခွင့်ဉပတော်မမူပေ။ သင်၏ အိမ်သို့သွား၍ ဘုရားသခင်သည် သင့်အတွက် မည်သို့ပြု တော်မူကြောင်းကိုလည်းကောင်း၊ ကိုယ် တော်သည် မည်ကဲ့သို့သင့်အပေါ် သနားကရုဏာ တော်ထားရှိတော်မူကြောင်း ကိုလည်းကောင်း သင် ၏ေ ဆွမျိုးတို့အား ပြောကြားလောဟု မိန့်တော်မူ၏။ ထိုသူသည် ထွက်ခွာ၍၊ မိမိအတွက် ယေဇူး သည် မည်မ့ပြု တော်မူကြောင်းကို ဒေကာပိုလစ်နယ်တွင် စတင်ကြေငြာပြောဆိုသဖြင့် လူအပေါင်း တို့သည် အံ့သြခြင်းရှိကြ၏။

No comments:

Post a Comment