Tuesday, February 1, 2011

စတုထသာမန် ကြာသပတေးနေ့ 3 Febuary 2011

ပထမကျမ်း :ဟီဘရူးသြ၀ါဒစာ ၁၂:၁၈-၁၉, ၂၁-၂၄
ဆာလံကျမ်း :ဆာလံ ၄၈,၂-၃ကခ, ၃-ဂဃ၄, ၉,၁၀-၁၁
ဧ၀ံဂေလိကျမ်း :ရှင်မာကုဧ၀ံဂေလိကျမ်း ၆: ၇-၁၃

    ထို့ကြောင့် ကိုယ်တော်သည် အနီးအနားတွင်ရှိသောရွာများတွင် လှည့်လည်သွန်သင်တော်မူ၏။ ကိုယ် တော်သည် တပည့်တော်၏ တစ်ဆယ့်နှစ်ပါးတို့ကို အထံတော်သို့ ခေါ်တော်မူ၍၊ သူတို့ကိုနှစ်ပါးစီ စေ လွှတ်တော်မူလျက် ညစ်ညူးသော နတ်ဆိုးတို့ကို နှင်ထုတ်နိုင်သော အခွင့်အာဏာကိုလည်း သူတို့အား အပ်နှင်းတော်မူ၏။ ထို့ပြင် ကိုယ်တော်က လမ်းခရီးအတွက် တောင်ဝှေးမှလွဲ၍ မည်သည့် အရာကိုမျှ သင်တို့ ယူဆောင်မသွားကြနှင့်။ စားစရာ လွယ်အိတ်၊ ခါးပိုက်ဆောင်အိတ်၌ ငွေကြေးစသည်တို့ကို ယူဆောင်မသွားကြနှင့်။ ဖိနပ်ကိုစီးကြလော့၊ အင်္ကျီကိုမူကား၊ နှစ်ထပ်မ၀တ်ကြနှင့်ဟု မိန့်မှာတော်မူ၏။
 
    တစ်ဖန်သူတို့အား ကိုယ်တော် မိန့်တော်မူသည်ကား၊ မည်သည့် အရပ်တွင်မဆို အိမ်တစ်အိမ်သို့ သင်တို့ ၀င်ကြသော အခါထိုအရပ်မှ ထွက်ခွာမသွားမီတိုင်အောင် ထိုအိမ်မှာ နေကြလော။ သင်တို့ကို လက်မခံဘဲ၊သင်တို့၏ စကားကို နားထောင်ရန် ငြင်းဆန်သော သူတို့ရှိလျှင် သူတို့ထံ မှ ထွက်ခွာသောအခါ သူတို့အတွက်ဆန့်ကျင်ဘက် ဖြစ်ကြောင်း သက်သေပြခြင်းငှာ သင်တို့ခြေမှမြေမှုန့်ကို ခါပစ်ကြလော့ဟုမိန့်တော်မူ၏။ တပည့်တော်တို့သည် ထွက်သွားကြ၍၊လူများ နောင်တတရား ရစေခြင်းငှာ ဟောပြောကြ၏။ သူတို့သည် များစွာသောနတ်ဆိုးများကို နှင်ထုတ် ကြ၍၊ မကျန်းမာသူများစွာကိုလည်း ဆီနှင့် လူးကြသဖြင့် ပျောက်ကင်းချမ်းသာရစေကြ၏။

No comments:

Post a Comment