Thursday, February 3, 2011

စတုထသာမန်ရက်ပတ် သောကြာနေ့ 4 Febuary 2011

ပထမကျမ်း                  :ဟီဘရူးသြ၀ါဒစာ ၁၃:၁-၈
ဆာလံကျမ်း                :ဆာလံ ၂၇:၁, ၃, ၅,၈ခ-၉ကခဂ
ဧ၀ံဂေလိကျမ်း            :ရှင်မာကုဧ၀ံဂေလိကျမ်း ၆: ၁၄-၂၉



     သခင်ယေဇူး၏ သတင်းတော်သည် ကျော်ကြားလာသဖြင့် ဟေရုဒ်မင်းသည် ဤအကြောင်း ကိုကြား လေ၏။အချို့တို့က ယောဟန်ဘတ္တိဇံသည် သေရာ မှပြန်ရှင်လေပြီ။ ထို့ကြောင့် သူသည် တန်ခိုးများကို ပြနိုင်သည်ဟု ဆိုကြ၏။ အချို့တို့ကလည်း ဤသူသည် ပရောဖက် ဧလိယဖြစ်သည်ဟုဆိုကြ ၏။ အချို့တို့ကမူကား၊ ရှေးကာလက ပရောဖက် များကဲ့သို့ သူသည် ပရောဖက်တစ်ပါးဖြစ်သည်ဟုဆိုကြ၏။ ထိုအကြောင်းကို ဟေရုဒ်မင်း ကြားလျှင် ဤသူသည် ငါခေါင်းဖြတ်သတ်စေခဲ့သော ယော ဟန်ဖြစ်၏။

    သူသည် သေရာမှ ပြန်ရှင်လေပြီဟုဆို၏။အကြောင်းမူကား၊ ဟေရုဒ်သည် မိမိညီဖြစ်သူ ဖိလစ်၏ဇနီး ဟေရုဒ္ဒိယကို သိမ်းပိုက်ထားသည့် အတွက် ယောဟန်ကို ဖမ်းဆီးကာ ထောင်သွင်းအကျဉ်းချလေ၏။ အဘယ်ကြောင့်ဆိုသော် ယော ဟန်က မင်းကြီးသည် မိမိညီ၏ဇနီးကိုသိမ်းယူ မပေါင်းသင်းအပ်ဟု သူ့အားဆိုခဲ့သောကြောင့် ဖြစ်၏။ ဟေရုဒ္ဒိယသည်လည်း  ယောဟန်ကို ရန်ညှိုး ထား၍၊ သူ့ကို အသေသတ်ခြင်းငှာ အလိုရှိသော်လည်း မတတ်နိုင်။ အကြောင်းမူကား၊ ယောဟန် သည် ဖြောင့်မတ် သန့်ရှင်းသော သူဖြစ်သည်ကို ဟေရုဒ်သိသောကြောင့် သူ့ကို ကြောက်ရွံ့သဖြင့် လုံ ခြုံစွာစောင့်ရှောက်ထားလေ၏။ ဟေရုဒ်သည် ယောဟန်၏ ဟောပြောသွန်သင်ချက်များကို ကြား နာသည့်အခါတိုင်း အလွန် စိတ်မငြိမ်မသက်ဖြစ် သော်လည်း အားရ၀မ်းသာဖြင့် သူ့စကားကိုနားထောင်တတ်၏။

     ဟေရုဒ်သည် မိမိမွေးနေ့၌ မှူး မတ်များ၊ စစ်သူကြီးများနှင့် ဂါလိလေပြည်မှခေါင်း ဆောင်များကို ညစာ တည်ခင်းကျွေးမွေးသောအခါ ဟေရုဒ္ဒိယ အတွက် အခါအခွင့် သင့်လာလေ၏။ဟေရုဒ္ဒိယ၏ သမီးသည် ထိုညစာစားပွဲတွင် ၀င် ရောက်လာ၍ အကဖြင့်ဖျော်ဖြေလျှင် ဟေရုဒ်မင်း နှင့် ဧည့်သည်များ၏ စိတ်ကို ကြည်နူးအားရစေ သဖြင့် ဘုရင်က သူငယ်မအား သင်အလိုရှိရာကို တောင်းလော့။ သင့်အား ငါပေးမည်ဟု ဆိုလေ၏။တစ်ဖန် သူကငါ၏နိုင်ငံတစ်ဝက်ကိုပင်သင်တောင်း လျှင် သင့်အား ငါပေးမည်ဟု ကျိန်ဆို၍ပြောလေ၏။ ထိုအခါ သူငယ်မသည်ထွက်သွား၍ သူမ၏ မိခင်ဖြစ်သူအား ကျွန်မသည် မည်သည့်အရာကို တောင်းခံရမည်နည်းဟု မေးလျှင် သူမ၏မိခင်က ယောဟန်ဘတ္တိဇံခေါင်းကို တောင်းလော့ဟု ဆို၏။

       သူငယ်မသည် ချက်ချင်းပင် ဘုရင့်ရှေ့တော်သို့ အလျင်အမြန်ဝင်၍ ယောဟန်ဘတ္တိဇံ၏ ဦးခေါင်း ကိုလင်ပန်းတွင်ထည့်၍ ချက်ချင်း ကျွန်မအား ပေးစေလိုပါသည်ဟု တောင်းလျှောက်လေ၏။ မင်းကြီး သည် အလွန်ဝမ်းနည်းသော်လည်း မိမိကျိန်ဆိုထား သောစကားနှင့် မိမိ၏ ဧည့်သည်တော်များကြောင့် သူမအား ပေးထားသောကတိကို မပယ်ဖျက်လိုချေ။သို့ဖြစ်၍ ဘုရင်သည် ယောဟန်ကို ဦးခေါင်းကို ယူလာရန် ကိုယ်ရံတော်တပ်သားတစ်ဦးကို ချက် ချင်းစေလွှတ်လိုက်၏။ ထိုသူသည် အကျဉ်းထောင် သို့သွား၍ ယောဟန်၏ ဦးခေါင်းကို ဖြတ်လေ၏။ထို့နောက် သူ၏ဦးခေါင်းကို လင်ပန်းတွင်ထည့်၍ ယူလာသဖြင့် သူငယ်မအား ပေးလေ၏။ သူငယ်မသည်လည်းသူမ၏ မိခင်အားပေးလေ၏။ယောဟန် ၏တပည့်များသည် ဤသတင်းကို ကားသောအခါ၊ လာကြ၍ သူ၏အလောင်းကို ယူပြီးလျှင် သင်္ချိုင်း တွင်းတစ်ခု၌ သဂြိုဟ်ကြလေ၏။

No comments:

Post a Comment