ပထမကျမ်း : ဟီဘရူးသြ၀ါဒစာ ၁၃:၁၅-၁၇, ၂၀-၂၁
ဆာလံကျမ်း : ဆာလံ ၂၃:၁-၃က, ၃ခ-၄, ၅, ၆
ဧ၀ံဂေလိကျမ်း : ရှင်မာကုဧ၀ံဂေလိကျမ်း ၆: ၃၀-၃၄
တမန်တော်တို့သည် သခင်ယေဇူးထံသို့ ပြန်လာကြ၍၊ မိမိတို့ ပြုခဲ့သမျှနှင့် ဟောပြော သွန်သင်ခဲ့သမျှ
တို့ကို ကိုယ်တော်အား လျှောက်ထားကြ၏။ ကိုယ်တော်ကလည်း လူသူဆိတ်ငြိမ်ရာ တောအရပ်သို့ လာကြ၍ ခေတ္တအနားယူ ကြလောဟု သူတို့အား မိန့်တော်မူ ၏။ အကြောင်းမူကား၊ များစွာသော လူတို့သည် သွားလာလျက် ရှိကြသောကြောင့် တပည့်တော်တို့ သည် အစာစားရန်ပင် အချိန်မရကြချေ။ ထို့ကြောင့် သူတို့သည် လူသူဆိတ်ငြိမ်ရာ အရပ်သို့ လှေဖြင့်ထွက်ခွာသွားကြ၏။
သူတို့ ထွက်ခွာသွားကြ သည်ကို လူအများက မြင်ကြလျှင် သူတို့ဖြစ်မှန်း သိကြသောကြောင့် မြို့၊ ရွာရှိသမျှကိုအလျင်အမြန် ခြေလျင် လျှောက်လာကြရာ ထိုသူတို့သည် တပည့် တော်တို့ထက် အလျင်ဦးစွာ ရောက်နှင့်ကြလေ၏။ကိုယ်တော်သည် ကမ်းပေါ်သို့ တက်တော်မူသော အခါ၊ များစွာသော လူအစုအဝေးကို မြင်တော်မူသဖြင့် သူတို့အပေါ်မှာ သနားကရုဏာသက်တော် မူ၏။ အဘယ့်ကြောင့်ဆိုသော်၊ သူတို့သည် သိုးထိန်းမဲ့သောသိုးများကဲ့သို့ဖြစ်နေကြသောကြောင့် တည်း။ ထို့နောက် ကိုယ်တော်သည်စတင်၍ များ စွာသော အကြောင်းအရာများကို သူတို့အား သွန် သင်တော်မူ၏။

No comments:
Post a Comment