ပထမကျမ်း : ဟေရှာယ ၅၈:၇-၁၀
ဆာလံကျမ်း : ဆာလံ ၁၁၂:၄-၅,၆-၇, ၈-၉
ဒုတိယကျမ်း : ကော်ရင့်သုသြ၀ါဒပထမစာစောင် ၂:၁-၅
ဧ၀ံဂေလိကျမ်း : ရှင်မာတေဦး ဧ၀ံဂေလိကျမ်း ၅: ၁၃-၁၆
သင်တို့သည် လောက၏ဆားဖြစ်ကြ၏။ဆားမူကားအငန်ဓာတ် ကင်းပျောက်ခဲ့လျှင်ငန်သောအရသာ ကိုမည်သို့ ပြန်လည်ရရှိနိုင်မည်နည်း၊ယင်းသည် မည်သို့မျှ အသုံးမ၀င်တော့ဘဲအပြင်သို့ ပစ်လိုက်၍ လူတို့ခြေဖြင့်နင်းချေ ခံရရုံသာ ရှိပေမည်။သင်တို့သည်လောက ၏အလင်းဖြစ်ကြ၏။ တောင်ပေါ်တွင် တည်ထား သောမြို့ ကိုဝှက်ကွယ် ထား၍မရနိုင်။ ဆီမီးကိုထွန်း၍ တောင်းဇလား အောက်၌
ထားလေ့မရှိကြ။
အိမ်သူအိမ်သားအားလုံးအတွက် အလင်းရစေ ခြင်းငှာ ဆီမီးခုံပေါ်မှာ တင်ထားလေ့ရှိကြ၏။
ဤနည်းတူပင်လူတို့သည်သင်တို့၏ကောင်းသောအကျင့်များကိုမြင်ကြ၍ကောင်းကင်ဘုံ၌ရှိတော်မူ
သောသင်တို့အဖ၏ဘုန်းဂုဏ်တော်ကို ချီးမွမ်း စေခြင်းငှာ၊သင်တို့၏အလင်းကိုလူတို့ရှေ့မှာထွန်းလင်းစေ ကြလော့။

No comments:
Post a Comment