Thursday, February 3, 2011

ပဉ္စမမြောက်သာမန်တနင်္လင်္ာနေ့ 7 Febuary 2011

ပထမကျမ်း              : ကမ္ဘာဦးကျမ်း၁:၁-၁၉
ဆာလံကျမ်း            : ဆာလံ ၁၀၄:၁က-၂; ၅-၆; ၁၀ နှင့် ၁၂, ၂၄ နှင့် ၃၅ဃ
ဧ၀ံဂေလိကျမ်း        : ရှင်မာကုဧ၀ံဂေလိကျမ်း ၆: ၅၃-၅၆

        ကိုယ်တော်နှင့် တပည့်တော်တို့သည် တစ်ဘက်ကမ်းသို့ ကူးလာ ကြ  ပြီးလျှင် ဂျေနာဇရက်တွင် 
ဆိုက်ကပ်ကြ၏။ သူတို့လှေပေါ်မှာ တက်လာကြသော  အခါ၊ လူများသည် ချက်ချင်းပင် ကိုယ်တော်
ဖြစ်မှန်းသိကြသဖြင့်။ ပတ်ဝန်းကျင် တစ်ခုလုံးသို့ ပြေးကြလျက်၊ မကျန်းမာသူများကို အိပ်ရာနှင့်တကွ
ကိုယ်တော်ရှိ သည်ဟု ကြားသောအရပ်သို့ ခေါ်ဆောင်လာကြ၏။ ကိုယ်တော် ကြွဝင်တော်မူသော
မြို့၊ ရွာဒေသတိုင်း တွင် ဈေးလယ်၌ လူနာများကိုချထားကြ၍၊ ၀တ်ရုံ တော်၏အနားစ အမြိတ်ကိုမျှ
သာ တို့ထိရပါမည့် အကြောင်းတောင်းပန်ကြ၏။တို့ထိသမျှသောသူတို့သည်လည်း ပျောက်ကင်းချမ်း
သာရာ ရကြလေ ၏။

No comments:

Post a Comment