Thursday, February 3, 2011

ပဉ္စမမြောက်သာမန် အင်္ဂါ 8 Febuary 2011

ပထမကျမ်း             :ကမ္ဘာဦးကျမ်း ၁:၂၀-၂,၄က 
ဆာလံကျမ်း           :ဆာလံ ၈:၄-၅,၆-၇, ၈-၉
ဧ၀ံဂေလိကျမ်း       :ရှင်မာကုဧ၀ံဂေလိကျမ်း ၇ : ၁-၁၃

        ဖာရီဇေဦးတို့နှင့် ဂျေရုဆလင်မြို့မှ လာကြသော ကျမ်းတတ်ဆရာ အချို့တို့သည် အထံတော်၌ စုဝေးကြလျှင်။ကိုယ်တော်၏တပည့်တော်အချို့တို့သည်ရေမဆေးဘဲမသန့်စင်သောလက်ဖြင့်အစာစားနေကသည်ကိုမြင်ကြ၏။ အကြောင်းမူကား၊ ဖာရီဇေဦး များနှင့် ဂျူးလူမျိုးတို့သည်ရှေးကလူကြီး သူမတို့ ၏ထုံးထမ်းစဉ်လာကို လိုက်နာသော အားဖြင့် လက်မဆေးဘဲ အစာကိုစားလေ့မရှိကြ။ဈေးမှ ပြန်လာသောအခါတွင်လည်း မိမိကိုယ်ကို သန့်စင်ခြင်းမ ပြုဘဲ၊ အစာစားလေ့မရှိကြ။ထို့အပြင် အိုးခွက်၊ ကြေးပန်းကန်စသည်တို့ကို ဆေးခြင်းနှင့် သက်ဆိုင်သောအခြား ရှေးထုံးတမ်းစဉ် လာများစွာတို့ကိုလည်း သူတို့ လိုက်နာကျင့်သုံးကြ၏။

        ထို့ ကြောင့် ဖာရီဇေဦး တို့နှင့် ကျမ်းတတ်ဆရာတို့က ကိုယ်တော်၏ တပည့်တော်များသည် 
အဘယ် ကြောင့်ရှေးကလူကြီးသူမတို့၏ ထုံးတမ်းစဉ်လာ အတိုင်း မလိုက်နာကြဘဲ၊ မသန့်စင်သော
လက်ဖြင့် အစာစားကြပါသနည်းဟုကိုယ်တော်အားမေးလျှောက်ကြ၏။ ကိုယ်တော်က သူတို့အားပြန်ပြော တော်မူသည်မှာ သူတော်ကောင်းယောင်ဆောင်သော သင်တို့၏ အကြောင်းကို ရည်ညွှန်း၍၊ ပရောဖက် အီဇာယဤကဲ့သို့ မှန်ကန်သင့်လျော်စွာ ဟောထား ခဲ့၏။ ဤလူမျိုးသည် ငါ့ကိုနှုတ်ဖြင့်သာ ရိုသေချီး မွမ်းကြ၏။ 

      သူတို့၏ စိတ်နှလုံးမူကား၊ ငါနှင့်ဝေးလှပေ၏။ သူတို့သည် လူတို့၏ထုံး တမ်းစဉ်လာများကိုအယူဝါဒများ 
အဖြစ် သွန်သင်ကြပြီး၊ ငါ့အားဝတ်ပြုကိုးကွယ်ခြင်းကို အချည်းနှီးဖြစ်စေကြပြီ ဟူ၍တည်း။ သင်တို့သည် ဘုရားသခင်၏ပညတ်တော်ကိုပယ်ထားကြ၍လူတို့၏ထုံးတမ်းစဉ်လာများကိုလိုက်နာကြ၏ဟုမိန့်တော်မူ၏။
တစ်ဖန်သူတို့အား ကိုယ်တော်မိန့်တော်မူသည်ကား ၊သင်တို့သည် မိမိတို့၏ ထုံးတမ်းစဉ်လာများကို လိုက်နာရန် အတွက် ဘုရားသခင်၏ ပညတ်တော်ကို လိမ်မာပါးနပ်စွာ ပယ်ထားကြပြီတကား။

           အကြောင်းမူကား၊ မိုးဇက်ကသင်၏အ ဘနှင့် သင်၏အမိတို့အား ရိုသေမှုကိုပြုလော့။ မိမိ၏မိဘကို ကျိန်ဆိုသောသူသည် ဧကန်မုချ သေထိုက်၏ ဟုစီရင်ထားခဲ့၏။ သို့သော်သင်တို့က တစ်စုံတစ်ယောက်သည် မိမိ အဘနှင့်အမိ တို့အား သင်တို့ကျွန်ုပ် ထံမှရယူမည့် ထောက်ပံ့ကူညီခြင်းသည် ကော်ဗန် ဘုရားသခင်
 အတွက်လှူဒါန်းပြီးဖြစ်သည် ဟုဆိုလျှင်။ထိုသူသည် မိဘတို့အတွက် ပြုအပ်သော ၀တ္တရားကို ဆောင်ရွက် ရန်မလိုဟု သင်တို့ သွန်သင်ကြ၏။ သင်တို့ လက်ဆင့် ကမ်းပေးကြသောရှေးထုံး စဉ်လာများဖြင့်သင်တို့သည် ဘုရားသခင်၏ ပညတ်တော် များကို အချည်းနှီးဖြစ်စေကြ၏။ ထို့နည်းတူ များ စွာသော ဓလေ့ထုံးစံများကို သင်တို့ ပြု ကြ ၏ဟု မိန့်တော်မူ၏။

No comments:

Post a Comment