Thursday, February 3, 2011

ပဉ္စမမြောက်သာမန် ဗုဒ္ဓဟူး 9 Febuary 2011

ပထမကျမ်း       : ကမ္ဘာဦးကျမ်း ၂:၄ခ-၉, ၁၅-၁၇
ဆာလံကျမ်း      : ဆာလံ ၁၀၄:၁-၂က, ၂၇-၂၈, ၂၉ခဂ-၃၀
ဧ၀ံဂေလိကျမ်း : ရှင်မာကုဧ၀ံဂေလိကျမ်း ၇ : ၁၄-၂၃

    ကိုယ်တော်သည်လူအစုအဝေးတို့ကိုမိမိအထံတော်သို့ခေါ်ဆောင်တော်မူ၍၊ သူတို့အားမိန့်တော်မူသည်ကား၊သင်တို့ငါ့ကိုနားထောင်၍ နားလည်သိမှတ်ကြလော့။ လူ၏ပြင်ပမှ သူ့ခန္ဓာကိုယ်အတွင်း သို့ဝင်သောအရာသည် လူကို မညစ်ညူးစေနိုင်။ လူ၏အတွင်းမှ ထွက်လာသော အရာများသာလျှင် လူကိုညစ် ညူးစေနိုင်၏။ ကြားခြင်းငှာ နားရှိသော သူသည် ကြားပါစေဟု မိန့်တော်မူ၏။ကိုယ်တော်သည် လူအစုအဝေးထံမှ ထွက်ခွာ၍ အိမ်တွင်းသို့ ၀င်တော်မူသောအခါ၊  တပည့်တော်များက ထိုပုံဥပမာစကားအကြောင်းကိုမေးမြန်းကြ၏။ 
          ကိုယ်တော်က သင်တို့သည်လည်း နားမလည်နိုင်ကြ သလော။ လူ၏ အပြင်ဘက်မှ သူ့ခန္ဓာကိုယ်အတွင်းသို့ ၀င်သမျှ အရာသည် သူ့ကို မညစ်ညူးစေကြောင်း သင်တို့မသိမြင်ကြသလော။ အကြောင်းမှာ ၀င်လာသော အရာသည် စိတ်နှလုံးထဲသို့ မ၀င်ဘဲ၊ ၀မ်းထဲသို့ ၀င်၍ ပြင်ပသို့ စွန့်ထုတ်ပစ်လိုက်သည် မဟုတ်လော ဟုမိန့်တော်မူ၏။(ဤသို့ဆိုခြင်းဖြင့် အစားအစာ အားလုံးသည် သန့်ရှင်းသည်ဟု  ကိုယ်တော်မိန့်တော်၏။)တစ်ဖန် ကိုယ်တော်က  လူ၏အတွင်းမှလာသမျှသည်   သူ့ကို
ညစ်ညူး စေ၏။
             အကြောင်းမူ ကား၊ လူအတွင်းရှိ စိတ်နှလုံးထဲမှ မကောင်းသော အကြံအစည်များ၊ ကာမဂုဏ်ကျူးလွန်ခြင်း၊ သူတစ် ပါးပစ္စည်းကို ခိုးယူခြင်း၊ လူ့အသက်ကို သတ်ခြင်းသူ့တစ်ပါးသားမယားကို ပြစ်မှားခြင်း။ လောဘကြီး ခြင်း၊ဆိုးသွမ်းယုတ်မာခြင်း၊ လိမ်လည်လှည့်ဖြား ခြင်း၊ ကိလေသာစိတ်ပြင်းပြခြင်း၊ မနာလိုခြင်း၊ သူ တစ်ပါးအသရေကိုဖျက်ခြင်း၊ မာနာထောင်လွှားခြင်း နှင့် မိုက်မဲ ရူးသွပ်ခြင်းစသည် တို့ထွက်ပေါ်လာ၏။ မကောင်းသော ဤအရာအားလုံး သည်
လူ၏အတွင်း မှ ထွက်လာ၍ လူကိုညစ်ညူးစေ၏။

No comments:

Post a Comment