Thursday, February 3, 2011

စိန့်စကောလစတစ်ကာ (Scholastica) ကညာစင် အောက်မေ့ဖွယ်၇ာ 10 Febuary 2011

ပထမကျမ်း :     :  ကမ္ဘာဦးကျမ်း ၂:၁၈-၂၅
ဆာလံကျမ်း     : ဆာလံ ၁၂၈:၁-၂, ၃, ၄-၅
ဧ၀ံဂေလိကျမ်း  : ရှင်မာကုဧ၀ံဂေလိကျမ်း ၇: ၂၄-၃၀

    ကိုယ်တော်သည် ထိုအရပ်မှ ထွက်ခွာတော်မူ၍၊ တိုင်ယာ နှင့် စီဒုံနယ်များသို့ ကြွတော်မူ၏။ ကိုယ် တော်သည် အိမ်တစ်အိမ်သို့ ၀င်တော်မူ၍ မည်သူမျှ မသိစေလိုသော်လည်း ပုန်းကွယ်ရန်မဖြစ်နိုင်ချေ။အကြောင်းမူကား၊ ညစ်ညူးသော နတ်ဆိုးပူးနေ သော သူငယ်မတစ်ဦး၏ မိခင်သည် ကိုယ်တော်၏ အကြောင်းကိုကြားလျှင် ချက်ချင်းလာ၍ ခြေတော်ရင်း၌ပျပ်ဝပ်ရှိခိုးလေ၏။ ဤမိန်းမသည်ကား၊ ဂရိ လူမျိုး ဆီရိဖေနိစိယအနွယ်ဝင်ဖြစ်၍ မိမိသမီးတွင် ပူးနေသောနတ်ဆိုး နှင်ထုတ်ပေးပါရန် ကိုယ်တော် အားတောင်းပန်လေ၏။
     ကိုယ်တော်ကလည်း သား သမီးများသည် အရင်ဦးစွာ ၀အောင် စားကြပါစေ။ သားသမီးတို့၏ အစားအစာကို ယူ၍ ခွေးအားချမ ကျွေးသင့်ဟု သူမအား မိန့်တော်မူ၏။ သို့သော် သူမက မှန်ပါ၏ အရှင်ဘုရား၊ သို့ရာတွင် စားပွဲ အောက်မှ ခွေးတို့သည်လည်း သားသမီးတို့ထံမှ မုန့်အစအနများကို စားကြရပါသေးသည်ဟုလျှောက်လေ၏။ ထိုအခါ ကိုယ်တော်က သင်ဤသို့ဆို သောကြောင့် အိမ်သို့ပြန်လော့။ နတ်ဆိုးသည် သင့်သမီးထံမှ ထွက်ခွာသွားလေပြီဟု မိန့်တော်မူ၏။ သူမသည်လည်း မိမိအိမ်သို့ ပြန်သွားလျှင် နတ်ဆိုးစွန့်ခွာထားခဲ့သော သူငယ်မကိုအိပ်ရာပေါ်မှာ အိပ်လျက်တွေ့ရလေ၏။

No comments:

Post a Comment