Monday, February 28, 2011

( ၈) ကြိမ်မြောက်သာမန် ဗုဒဟူးနေ့

2 March,2011
ပထမကျမ်း
ဆာ၇ား ၃၆း ၁ ,၄-၅က, ၁ဝ-၁၇
ဆာလံကျမ်း
ဆာလံ ၇၉ ၉ ၁၁ နှင့် ၁၃
ဧ၀ံဂေလိကျမ်း
ရှင်မာကု ၁ဝး ၃၂-၄၅

သူတို့ဂျေရုဆလင်မြို့သို့ သွားကြရာလမ်းတွင်သခင် ယေဇူးသည်သူတို့ရှေ့မှ ကြွမန်းတော်မူ၏။ တပည့် တော်တို့သည်လည်း အံ့သြနေကြ၍ နောက်မှလိုက် ကြသောသူများသည်လည်း ကြောက်ရွံ့နေ ကြ၏။ ကိုယ်တော်သည် တစ်ကျိပ်နှစ်ပါးတို့ကို တစ်ဖန်ခေါ် တော်မူ၍၊ မိမိ၌ ဖြစ်ပျက်လတ္တံ့သော အရာများကို စတင်ပြောဆိုတော်မူ၏။

ကိုယ်တော်က ယခုငါ တို့သည်ဂျေရုဆလင်ဉမိ့သို့ခရီးပြုနေကြ၏။ လူသား သည်ရဟန်းအကြီးအကဲတို့နှင့် ကျမ်းတတ်ဆရာတို့ လက်သို့ အပ်နှံခြင်းခံရလိမ့်မည်။သူတို့သည် သူ့ကိုသေဒဏ်စီရင်ကြ၍၊ လူမျိုးခြားတို့လက်တွင်အပ်နှံ ကြလိမ့်မည်။ သူတို့သည် သူ့ကို မထီမဲ့မြင်ပြု၍တံတွေးနှင့်ထွေးကြလိမ့်မည်။ ရိုက်နှက်ကြ၍ သူ့ကို အသေသတ်ကြလိမ့်မည်။ သုံးရက်မြောက်သောနေ့ တွင် သူသည်ရှင်ပြန်ထမြောက် လိမ့်မည်ဟု မိန့် တော်မူ၏။

ထို့နောက် ဇေဘေဒေ၏သားများဖြစ်ကြသော ယာ ကုပ်နှင့် ယောဟန်တို့သည် အထံတော်သို့ချဉ်းကပ် ကြ၍၊ ဆရာသခင် ကျွန်ုပ်တို့တောင်းခံရာကို ပေး သနားစေလိုပါသည်ဟု ကိုယ်တော်အား လျှောက် ကြ၏။ ကိုယ်တော်က သင်တို့အတွက် မည်သည့် အရာကို ငါပြုစေလိုသနည်းဟု သူတို့အားမေးတော်မူ၏။ ထိုအခါသူတို့သည်ကျွန်တော်တို့နှစ်ယောက် သည် ကိုယ်တော်၏ဘုန်းဂုဏ်တော်၌ လက်ယာ ဘက်မှာတစ်ယောက်၊ လက်ဝဲဘက်မှာတစ်ယောက် ထိုင်ရသောအခွင့်ကိုပေးတော်မူပါဟု လျှောက်ထား ကြ၏။

သို့သော် သခင်ယေဇူးက သင်တို့တောင်း သောအရာကို သင်တို့မသိကြ။ ငါသောက်ရလတ္တံ့ သောခွက်ကို သင်တို့သောက်နိုင်ကြသလော။ သို့ မဟုတ် ငါခံယူသောဆေးကြောခြင်းကိုလည်း သင် တို့ ခံယူနိုင်ကြမည်လောဟု မေးတော်မူသောအခါ။ သူတို့က တတ်နိုင်ပါ၏ဟု ပြန်လျှောက်ကြ၏။သခင်ယေဇူးကလည်း ငါသောက်ရလတ္တံ့သော ခွက် ကို သင်တို့ သောက်ကြရလိမ့်မည်။ ငါခံယူသော ဆေးကြောခြင်းကိုလည်း သင်တို့ ခံယူကြရလိမ့်မည်မှန်၏။ သို့သော် ငါ၏လက်ယာဘက်နှင့် လက်ဝဲ ဘက်မှာထိုင်ရသောအခွင့်ကိုကား ငါပေးပိုင်ခွင့်မရှိ၊ ဤအခွင့်သည် ပြင်ဆင်ထားသော သူတို့အတွက် ဖြစ်သည်ဟုမိန့်တော်မူ၏။

အခြားတပည့်တော်ဆယ်ပါးတို့သည်ဤအကြောင်းကိုကြားသောအခါယာကုပ်နှင့်ယောဟန်တို့အပေါ်အမျက်
ထွက်ကြ၏။ သခင်ယေဇူးသည် သူတို့ကိုခေါ်တော်မူ၍ မိန့်တော်မူသည်မှာ လူမျိုးခြားတို့အပေါ် အုပ်စိုးကြရသည့်ဘုရင်များသည် တိုင်းသူပြည်သားများအပေါ် အစိုး တရပြုကြ၍ အကြီးအကဲများသည် မိမိတို့၏သြဇာ အာဏာကို အသုံးပြုကြရသည်ကို သင်တို့သိကြ၏။

သင်တို့တွင်မူကား၊ ထိုသို့မဖြစ်စေရ။ သင်တို့တွင် အကြီးဆုံး ဖြစ်လိုသောသူသည် သင်တို့၏အစေခံဖြစ်ရမည်။ သင်တို့တွင် ပထမဦးဆုံးဖြစ်လိုသောသူသည် အားလုံး၏ ကျွန်ဖြစ်ရမည်။ အကြောင်း မူကား၊ လူသားသည် သူတစ်ပါးကို စေခိုင်းခြင်း ငှာမဟုတ်။အစေခံခြင်းငှာလည်းကောင်း၊ မိမိ အသက်ကိုစွန့်၍ လူများစွာကို ကယ်တင်ခြင်းငှာ လည်းကောင်း ကြွလာသည် ဟုမိန့်တော်မူ၏။

No comments:

Post a Comment