Monday, February 28, 2011

( ၈) ကြိမ်မြောက်သာမန် ကြာသပတေးနေ့

3 March 2011
ပထမကျမ်း
ဆာ၇ား ၄၂း ၁၅-၂၅
ဆာလံကျမ်း
ဆာလံ ၃၃း၂၃, ၄-၅ , ၆-၇ , ၈-၉
ဧ၀ံဂေလိကျမ်း
ရှင်မာကု ၁ဝး ၄၆-၅၂ 

သူတို့သည် ဂျေရီခိုမြို့သို့ရောက်လာကြ၏။ ကိုယ် တော်နှင့် တပည့်တော်တို့သည် လူအစုအဝေးနှင့် အတူ ဂျေရီခိုမြို့မှ ထွက်ခွာလာကြစဉ် တီမေဦး၏ သားဖြစ်သော မျက်မမြင် ဘာတီမေဦးသည် လမ်းဘေးတွင်ထိုင်လျက်တောင်းစားနေလေ၏။သူ သည် နာဇရက်မြို့သားယေဇူး ကြွလာတော် မူကြောင်း ကိုကြားလျှင် ဒေးဗစ်၏ သားတော်ယေဇူး၊ကျွန်ုပ်ကို သနားတော်မူပါဟု စတင်အော်ဟစ် အသနားခံလေ၏။ လူများသည် သူ့ကိုတိတ်တိတ်နေရန် ငေါက် ငန်း ပြောဆိုကြသော်လည်း သူသည် ဒေးဗစ်၏ သားတော် ကျွန်ုပ်ကိုသနားတော်မူပါဟု ပို၍ကျယ် လောင်စွာ အော်ဟစ်လေ၏။

သခင်ယေဇူး သည် ရပ်တန့်တော်မူ၍ သူ့ကိုခေါ်ကြလောဟု မိန့် တော်မူ၏။ သူတို့သည်လည်း မျက်မမြင်ကိုခေါ်ကြ လျက် အားမငယ်နှင့် ထလော့။ ကိုယ်တော်သည်သင့်ကိုခေါ်နေပြီဟု သူအားဆိုကြ၏။ ထိုသူသည် လည်းမိမိဝတ်ရုံကိုခွာပစ်၍၊ ခုန်ထကာ သခင်ယေဇူးအထံတော်သို့လာလေ၏။သခင်ယေဇူးကလည်း သင့်အတွက် မည်သည့်အရာကို ပြုစေလိုသနည်းဟု မေးတော်မူလျှင် မျက်မမြင်ကကျွန်ုပ်၏သခင်၊ကျွန်ုပ် အားမျက်စိပြန်မြင်စေတော်မူပါဟုလျှောက်လေ၏။ သခင်ယေဇူးက သွားလော့၊ သင်၏ယုံကြည်ခြင်း သည်သင့်ကို ကယ်တင်လေပြီဟု မိန့်တော်မူလျှင် သူသည် ချက်ချင်းမျက်စိမြင်၍၊ ကိုယ်တော်၏
နောက်သို့လိုက်လေ၏။

No comments:

Post a Comment