4 March 2011
ပထမကျမ်း
ဆာ၇ား ၄၄း ၁, ၉-၁၃
ဆာလံကျမ်း
ဆာလံ ၁၄၉း ၁ခ-၂, ၃-၄ , ၅-၆က နှင့် ၉ခ
ဧ၀ံဂေလိကျမ်း
ရှင်မာကု ၁၁း ၁၁ - ၂၆
ကိုယ်တော်သည် ဂျေရုဆလင်မြို့တွင်းသို့ ရောက်တော်မူသောအခါ ဗိမာန်တော်ထဲ သို့ဝင်တော်မူ၍၊ လှည့်လည်ကြည့်ရှုတော်မူ၏။ ညဦးအချိန်ရောက်ပြီ ဖြစ်သောကြောင့် တပည့်တော် တစ်ဆယ့်နှစ်ပါးနှင့်အတူ ဘက်သနီရွာသို့ ကြွတော် မူ၏။နောက်တစ်နေ့၌ ဘက်သနီရွာမှ ပြန်ကြွလာတော်မူ စဉ်၊ ကိုယ်တော်သည် ဆာမွတ်တော်မူ၏။ အရွက် များဝေဆာနေသော သဖန်းပင်တစ်ပင်ကို အဝေးက မြင်တော်မူလျှင် အသီးကိုတွေ့ရလိမ့်မည်ဟု ထင် မှတ်လျက် ကိုယ်တော်သည် အပင်ရှိရာသို့ ကြွသွား တော်မူ၏။
ကိုယ်တော်သည် အပင်ရှိရာသို့ ရောက် သောအခါ သဖန်းသီးသီးချိန် မဟုတ်သောကြောင့် အရွက်များမှတစ်ပါး မည်သည့်အရာကိုမျှတွေ့တော်မမူချေ။ ထိုအခါ ကိုယ်တော်က ယခုမှစ၍၊ နောက်အစဉ်အဆက် သင်၏အသီးကိုမည်သူမျှမစား စေရဟု သဖန်းပင်အား မိန့်တော်မူ၏။ တပည့် တော်တို့သည်လည်း ထိုစကားကိုကြားကြ၏။
သူတို့သည်ဂျေရုဆလင်မြို့သို့ရောက်ကြသောအခါကိုယ်တော်သည်ဗိမာန်တော်ထဲသို့ဝင်တော်မူ၍၊ဗိမာန်တော်အတွင်းရောင်းဝယ်နေ
ကြသောသူများကိုစတင်နှင်ထုတ်တော်မူ၏။ကိုယ်တော်သည်ငွေလဲလှယ်သောသူတို့၏စားပွဲခုံများနှင့်ခိုများရောင်းချနေသူတို့၏ထိုင်ခုံ
များကိုမှောက်လှန်ပစ်တော်မူ၏။ဗိမာန်တော်အတွင်းဖြတ်သန်း၍၊ ပစ္စည်းများသယ် ဆောင်ရန် မည်သူ့ကိုမျှ ကိုယ်တော်ခွင့်ပြုတော်မမူ။
ထို့နောက် ကိုယ်တော်က သွန်သင်ဟောပြော တော်မူသည်မှာ ငါ၏အိမ်တော်ကို လူမျိုးအပေါင်း တို့၏ဆုတောင်းရာအိမ်ဟု ခေါ်ခံရလိမ့်မည်ဟုကျမ်း စာတွင်ရေးထားသည် မဟုတ်လော။သို့သော်သင်တို့ မူကား၊ သူခိုးဓားပြခိုအောင်းရာ နေရာဖြစ်စေကြပြီတကားဟုသူတို့အားဆို၏။ရဟန်းအကြီးအကဲများ နှင့်ကျမ်းတတ်ဆရာများသည်ထိုအကြောင်းကိုကြား ကြသောအခါ ကိုယ်တော့်ကို သတ်ရန်နည်း လမ်းရှာ ကြံကြ၏။ အကြောင်းမူကား၊ လူအစုအဝေးတို့သည် ကိုယ်တော်၏သွန်သင်ချက်ကိုအံ့သြချီး မွမ်းကြသော ကြောင့် သူတို့သည် ကိုယ်တော့်ကို ကြောက်ရွံ့ကြ၏။ ညအချိန်ရောက်သောအခါ ကိုယ်တော်နှင့် တပည့်တော်တို့သည် မြို့တွင်းမှထွက်ခွာသွားကြ၏။
နောက်တစ်နေ့နံနက်တွင် သူတို့သည်ဖြတ်သွားကြ စဉ် သဖန်းပင်သည် အမြစ်မှစ၍ ခြောက်သွေ့သွားသည်ကိုမြင်ကြ၏။ ပေတရုသည်သတိရ၍ သခင် ဘုရားကြည့်တော်မူပါ။ ကိုယ်တော်ကျိန်ဆိုခဲ့သော သဖန်းပင်သည် ခြောက်သွေ့သွားပါပြီဟု လျှောက် လေ၏။ သခင်ယေဇူးက သူတို့အား မိန့်တော်မူ သည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်းရှိကြလော့။ သင်တို့အား ငါအမှန်ဆိုသည်ကား စိတ်ထဲ၌ယုံမှား သံသယမရှိဘဲ၊ မိမိပြောဆိုသည့်အတိုင်း ဖြစ်လာရ မည်ဟု ယုံကြည်သောသူသည် ဤတောင်အား သင်ရွှေ့သွား၍ ပင်လယ်ထဲသို့ ဆင်းသက်လော့ဟု ဆိုလျှင် သူဆိုသည့်အတိုင်းဖြစ်လိမ့်မည်။
ထို့ကြောင့် သင်တို့အားငါဆိုသည်ကား သင်တို့သည်ဆုတောင်း မေတ္တာဉပကြသောအခါ သင်တောင်းသည့် ဆုကိုရပြီ ဟုသင်ယုံကြည်လော့။ သင်ဆုတောင်း ပြည့်လိမ့် မည်။ သင်တို့ ဆုတောင်းမေတ္တာ ပြုကြသောအခါ၊ သင်၌ သူတစ်ပါးအပေါ် အပြစ်တင်စရာရှိလျှင် ခွင့်လွှတ်ကြလော့။ သို့မှသာ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်များကို အခွင့်လွှတ်တော်မူလိမ့်မည်။သို့သော် သင်တို့သည် သူတစ်ပါးအပြစ်ကို အခွင့်မလွှတ် လျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ သည် သင်တို့၏အပြစ်များကို အခွင့်လွှတ်တော်မူ လိမ့်မည်မဟုတ်ဟု မိန့်တော်မူ၏။

No comments:
Post a Comment