Monday, February 28, 2011

( ၈) ကြိမ်မြောက်သာမန် စနေနေ့

5 March 2011
ပထမကျမ်း
ဆာ၇ား ၅၁း ၁၂ ဂဃ-၂ဝ
ဆာလံကျမ်း
ဆာလံ ၁၉း ၈ ၉ ၁ဝ ၁၁
ဧ၀ံဂေလိကျမ်း
ရှင်မာကု ၁၁း ၂၇ -၃၃

သူတို့သည် ဂျေရုဆလင်မြို့သို့ တစ်ဖန်ရောက်လာ ကြပြန်၏။ ကိုယ်တော်သည် ဗိမာန်တော်တွင် စကြံင်္လျှောက်နေစဉ် ရဟန်းအကြီးအကဲများ၊ ကျမ်းတတ်ဆရာများနှင့် သက်ကြီးဝါကြီးတို့သည် အထံတော်သို့ ချဉ်းကပ်ကြ၍၊ သင်သည် ဤအမှုအရာ များကို မည်သည့်အခွင့်အာဏာနှင့် ပြုပါသနည်း။ ဤအခွင့်အာဏာကိုသင့်အား မည်သူပေးသနည်းဟု မေးမြန်းကြ၏။ သခင်ယေဇူးက ငါသည်လည်း သင်တို့ကိုမေးခွန်းတစ်ခုမေးမည်။သင်တို့ ငါ့ကို ဖြေကြလျှင် ငါသည်လည်း ဤအရာများကို မည် သည့်အခွင့်အာဏာနှင့် ငါပြုကြောင်း သင်တို့အားငါပြောမည်။ ယောဟန်၏ ဆေးကြောခြင်းသည် ကောင်းကင်မှ လာသလော။ သို့မဟုတ် လူတို့ထံမှ လော။ ငါ့ကိုဖြေကြပါဟု သူတို့အား မိန့်တော်မူ၏။

သူတို့မူကား၊အချင်းချင်းပြောဆိုကြသည်မှာကောင်းကင်မှလာသည်ဟုငါတို့ဆိုကြလျှင်သင်တို့သူ့ကိုအဘယ်ကြောင့်မယုံကြသနည်းဟု ငါတို့အားဆိုလိမ့်မည်။ လူတို့ထံမှဟု ငါတို့ဆိုမည်လော ဟု သူတို့ဆွေးနွေးကြ၏၊ အဘယ်ကြောင့်ဆိုသော် သူတို့သည် လူများကိုကြောက်ရွံ့ကြ၏။ အကြောင်း မူကား၊ လူအားလုံးတို့သည် ယောဟန်ကိုပရောဖက် ဧကန်အမှန် ဖြစ်သည်ဟု လက်ခံထားကြသော ကြောင့်ဖြစ်၏။ သို့ဖြစ်၍ သူတို့က ကျွန်တော်တို့ မသိပါဟုယေဇူးအား ဖြေကြားကြ၏။ သခင်ယေဇူး ကလည်း သို့ဖြစ်လျှင် ဤအရာများကို မည်သည့် အခွင့်အာဏာနှင့် ငါပြုကြောင်း သင်တို့အား ငါ ပြောလိမ့်မည်မဟုတ်ဟု မိန့်တော်မူ၏။

No comments:

Post a Comment