Monday, March 7, 2011

ပြာခံပွဲ ဗုဒဟူးနေ့ကြီး ပထမကျမ်း 9 March 2011

ပထမကျမ်း
ယောလအနာဂတ္တိ ၂း၁၂-၁၈
ဆာလံကျမ်း
ဆာလံ ၅၁း ၃-၄, ၅-၆ကခ ,၁၂-၁၃ ၁၄ နှင့် ၁၇
ဒုတိယကျမ်း
ကော်ရင့်သုသြ၀ါဒစာ ဒုတိယစာစောင် 5 : 20-6: 2
ဧ၀ံဂေလိကျမ်း
ရှင်မာတေဦး ဧ၀ံဂေလိကျမ်း ၆:၁-၆ ,၁၆-၁၈



သင်တို့၏ ကုသိုလ်ကောင်းမှုကို လူများမြင်စေခြင်း ငှာ၊ သူတို့ ရှေ့မျက်မှောက်တွင် မပြုရန်သတိပြုကြ လော့၊ သို့မဟုတ်လျှင်ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့၏အဖထံတော်မှအကျိုးကျေးဇူးမခံစားရဘဲရှိလိမ့်မည်။ ထို့ကြောင့်
သင်သည် လှူဒါန်းပေး ကမ်းသောအခါ လူတို့၏ ချီးမွမ်းခြင်း ခံရအောင် တရားဇရပ်များနှင့် လမ်းများပေါ်တွင် လှူဒါန်းကြ သောသူတော်ကောင်းယောင်ဆောင်သူများပြုသကဲ့ သို့ထင်ပေါ်ကျော်ကြားအောင် မပြုလေနှင့်၊ သင်တို့ အား ငါအမှန်ဆို
သည်ကား ထိုသူတို့သည် မိမိတို့အကျိုးကို ရရှိကြပြီးဖြစ်သည်။ သို့သော်သင်မူကား လှူဒါန်းပေးကမ်းသောအခါ သင်၏လကျာ်လက်ပြုသောအမှုကိုလက်ဝဲလက်မသိစေနှင့်၊ဤသို့ဖြစ်လျှင်သင်၏အလှူသည်မထင်မရှားရှိ၍
မထင်မရှားပြုသောအမှုကိုမြင်တော်မူသောသင်၏အဖသည်သင့်အားဆု ကျေးဇူးပေးသနားတော်မူလိမ့်မည်။

သင်တို့သည် ဆုတောင်း ပတ္ထနာဉပသောအခါလူတို့ မြင်စေခြင်းငှာ တရားဇရပ်များနှင့် လမ်းဆုံလမ်းခွ များတွင်ရပ်လျက်ဆုတောင်းခြင်းကိုပြုလိုကြသောသူ တော်ကောင်း ယောင်ဆောင်သူတို့ကဲ့သို့မပြုကြနှင့်၊ သင်တို့အား ငါအမှန်ဆိုသည်ကားသူတို့သည်မိမိတို့အကျိုးကို ရရှိကြပြီးဖြစ်သည်။သင်မူကားဆုတောင်း သောအခါ သင်၏အခန်းတွင်းသို့ဝင်၍တံခါးကိုပိတ် ပြီးမှ ဆိတ်ကွယ်ရာ၌သင်၏အဖထံဆုတောင်းလော့၊ ဆိတ်ကွယ်ရာ၌ဉပသောဆုတောင်းခြင်းကိုမြင်တော်မူ သောသင်၏အဖသည် သင့်ကိုဆုကျေးဇူးပေးသနား တော်မူလိမ့်မည်။

သင်တို့သည် အစာရှောင်ခြင်းကို ပြုကြသောအခါ သူတော်ကောင်း ယောင်ဆောင် သူတို့ကဲ့သို့မျက်နှာ မသာမယာညှိုးငယ်ခြင်းမရှိကြနှင့်၊အကြောင်းမူကားသူတို့သည်မိမိတို့အစာရှောင်နေကြသည်ကိုလူများ
မြင်စေခြင်းငှာညှိုးငယ်သောမျက်နှာအသွင်ကိုဆောင်ကြ၏သင်တို့အားငါအမှန်ဆိုသည်ကားသူတို့သည်
မိမိတို့အကျိုးကိုရရှိကြပြီးဖြစ်သည်။သင်မူကားအစာရှောင်သောအခါသင်၏ဦးခေါင်းကိုဆီလိမ်းကျံ၍ မျက်နှာကိုသစ်လော့၊သင်အစာရှောင် နေသည်ကိုလူတို့မြင်စေရန်မဟုတ်ဘဲမျက်စိနှင့်မမြင် နိုင်သော သင်၏အဖမြင်တော်မူစေရန်ဖြစ်၏။ဆိတ် ကွယ်ရာ၌ပြုသောအရာတို့ကိုမြင်တော်မူသောသင်၏ အဖသည် သင့်ကို ဆုကျေးဇူးပေးသနားတော်မူလိမ့် မည်။


No comments:

Post a Comment