Monday, March 7, 2011

( ၉) ကြိမ်မြောက်သာမန် အင်္ဂါနေ့

8 March 2011
ပထမကျမ်း
တိုးဘစ် ၂:၉-၁၄
ဆာလံကျမ်း
ဆာလံ ၁၁၂: ၁-၂, ၇-၈ ,၉
ဧ၀ံဂေလိကျမ်း
ရှင်မာကု ၁၂း၁၃-၁၇

ထို့နောက် သူတို့သည် ကိုယ်တော်၏စကားအပေါ် တွင် အပြစ်ရှာရန် ဖာရီဇေဦးများနှင့် ဟေရုဒ်၏ ဘက်တော်သားအချို့ကို ကိုယ်တော့်ထံ စေလွှတ်လိုက်ကြ၏။ ထိုသူတို့သည် ကိုယ်တော့်ထံတော် သို့လာကြ၍၊ ဆရာသခင် သင်သည်ဟုတ်မှန်ရာကို ပြောသောသူဖြစ်၍ မည်သူ့ကိုမျှ ငဲ့ညှာထောက်ထား ခြင်းမရှိကြောင်းကျွန်တော်တို့သိကြပါ၏။အကြောင်း မူကား၊ သင်သည် လူ့မျက်နှာကိုမထောက်၊ အဆင့် အတန်းလည်း မခွဲခြားဘဲ ဘုရား သခင်၏တရား လမ်းတော်ကို မှန်ကန်စွာသွန်သင် တော်မူသော ကြောင့်ဖြစ်ပါ၏။ဆီဇာဘုရင်အားအခွန်ဆက်သအပ်သလော။ မဆက်သအပ်ပါသလော။

ကျွန်တော်တို့သည် အခွန် ဆက်သသင့်သလော။ မဆက်သသင့်သလောဟ ကိုယ်တော့်ကိုမေးမြန်းကြ ၏။ ကိုယ်တော်သည် သူတို့၏ကောက် ကျစ်သော အကြံအစည်ကိုသိမြင်တော်မူသဖြင့် အဘယ့်ကြောင့် ငါ့ကိုအပြစ်ရှာကြသနည်း။ငွေဒင်္ဂါးတစ်ပြားကို ငါ့ထံ သို့ယူခဲ့ကြလော့။ ငါကြည့်ပါရစေဟု သူတို့အားမိန့်တော်မူ၏။ သူတို့သည်လည်း ငွေဒင်္ဂါးပြားတစ်ပြား ကိုယူလာကြ၏။ ထိုအခါ ကိုယ်တော်က ဤပုံနှင့် ကမ္ဗည်းလိပ်စာသည် မည်သူ၏ပုံနှင့်ကမ္ဗည်းလိပ်စာ ဖြစ်သနည်းဟု သူတို့အားမေးတော်မူ၏။ သူတို့က လည်း ဆီဇာ၏ပုံနှင့်ကမ္ဗည်းလိပ်စာဖြစ်ပါသည်ဟုဆိုကြ၏။သခင်ယေဇူးကလည်းဤသို့ဆိုလျှင်ဆီဇာနှင့်ဆိုင်ရာကိုဆီဇာအားပေးကြလော။ဘုရားနှင့်ဆိုင်ရာကိုဘုရားသခင်အားပေးကြလော့ဟုသူတို့အားမိန့်တော်မူ၏။ သူတို့သည်လည်း ကိုယ်တော်ကို အလွန်အံ့သြကြ၏။

No comments:

Post a Comment